
အဆိုပါ ငလျင်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပြီး လျူကျိုး (Liuzhou ) မြို့က လူပေါင်း ၇,၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
၁၈၊ မေ။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွမ်ရှီး (Guangxi ) ဒေသမှာ မေလ ၁၈ ရက်၊ ဒီကနေ့ တနင်္လာနေ့ အစောပိုင်းက အင်အား ၅.၂ မဂ္ဂနီကျုဒ့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေရသလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အဆိုပါ ငလျင်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပြီး လျူကျိုး (Liuzhou ) မြို့က လူပေါင်း ၇,၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
လူနှစ်ဦး သေဆုံးကြောင်း အတည်ပြုထားပြီး တဦး ပျောက်ဆုံးနေဆဲဖြစ်သလို လူလေးဦးကိုတော့ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ CCTV နဲ့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတို့က ဖော်ပြပါတယ်။
ဒါပေမဲ့ ဆေးရုံတင်ထားရတဲ့သူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ မပါဝင်ဘူးလို့ သိရပါတယ်။ တနင်္လာနေ့ မနက်အစောပိုင်းမှာပဲ အဆောက်အအုံ ၁၃ လုံး ပြိုကျပျက်စီးသွားခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်တဲ့ CCTV က သတင်းထုတ်ပြန်ထားပါတယ်။
မီးရထားလမ်း အခြေခံအဆောက်အအုံတွေ ကြံ့ခိုင်မှု ရှိ၊ မရှိ မီးရထားအာဏာပိုင်တွေက စစ်ဆေးနေရတာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ငလျင်ဒဏ်သင့်ခဲ့တဲ့ ဧရိယာအတွင်းမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးလိုင်းတွေ၊ ရေနဲ့ ဂတ်စ် ပေးဝေမှုတွေအပြင်လမ်းပန်းဆက်သွယ်ရေးဟာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။
Ref – CNA