ဗင်နီဇွဲလားကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ဖော်ပြထားတဲ့ ပုံကို သမ္မတထရမ့် တင်ထား

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ခေါင်းဆောင် နီကိုးလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ဗင်နီဇွဲလားအနေနဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို့ ရော့ဒရီဂွက်ဇ်ကပြောခဲ့တာ ဖြစ်ပါတယ်။

၁၃၊ မေ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မေလ ၁၂ ရက်နေ့က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ဗင်နီဇွဲလားနိုင်ငံ မြေပုံထဲမှာ အမေရိကန်အလံ ထည့်သွင်းထားပြီး ၅၁ ခုမြောက် ပြည်နယ်လို့ စာတန်းထိုးထားတဲ့ ဂရပ်ဖစ်ပုံတပုံကို တင်ခဲ့ပါတယ်။

အရေးကြီးတဲ့ ထိပ်သီးအစည်းအဝေးအတွက် တရုတ်နိုင်ငံကို သွားနေတဲ့ လမ်းခရီးမှာ တင်လိုက်တဲ့ အဆိုပါ ပို့စ်ဟာ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရော့ဒရီဂွက်ဇ်ရဲ့ ပြောကြားချက် ထွက်ပေါ်ပြီး နောက်တရက်မှာပဲ ပေါ်ထွက်လာတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ခေါင်းဆောင် နီကိုးလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ဗင်နီဇွဲလားအနေနဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို့ ရော့ဒရီဂွက်ဇ်ကပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် တနင်္လာနေ့မှာတော့ ထရမ့်က သူဟာ ရေနံကြွယ်ဝတဲ့ အဆိုပါ တောင်အမေရိက နိုင်ငံကို ထိန်းချုပ်ထားနိုင်တယ်လို့ လနဲ့ချီ ကြွားလုံးထုတ်ပြီးတဲ့နောက် ဗင်နီဇွဲလားကို ပြည်နယ်အသစ်တခုအဖြစ် ပြောင်းလဲဖို့ စဉ်းစားနေတယ်လို့ Fox News ကိုပြောခဲ့ပါတယ်။

ရော့ဒရီဂွက်ဇ်ဘက်ကတော့ သူမ အာဏာရလာကတည်းက အမေရိကန်နဲ့ ဆက်ဆံရေး ပြန်အဆင်ပြေအောင် ကြိုးစားခဲ့သလို ဗင်နီဇွဲလားရဲ့ သတ္တုတွင်းနဲ့ ရေနံကဏ္ဍတွေကို နိုင်ငံခြားကုမ္ပဏီတွေ၊ အထူးသဖြင့် အမေရိကန်ကုမ္ပဏီတွေ ပြန်ဝင်လာနိုင်အောင်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။

ဗင်နီဇွဲလား အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုနေကြပါတယ်။ မေလ ၁ ရက်နေ့က ရွေးကောက်ပွဲအသစ် ကျင်းပနိုင်ခြေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ရော့ဒရီဂွက်ဇ်က သူမအနေနဲ့ မသိသေးဘူးလို့ပဲ ဖြေခဲ့ပြီး တချိန်ချိန်မှာတော့ ဖြစ်လာမှာပါလို့ ပြောခဲ့ပါတယ်။

Ref – Reuters