ဟင်္သာတမှာ WY ဆေးပြားတွေ ဖမ်းမိ

၁၃ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

မနေ့က ဟင်္သာတမြို့မှာ WY ဆေးပြား ၆၄ ပြားကို ပုဆိုးခါးပိုက်ထောင်ထဲမှာ ထဲ့ထားတဲ့ လူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာတမြို့ ရေတံခွန် ၂ လမ်းထဲမှာ နေထိုင်တဲ့ ထွန်းလင်းနိုင် ကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှာ အခုလို စိတ်ကြွဆေးပြားတွေ မိခဲ့တာလို့
နယ်ထိန်းခေါင်းဆောင် ရဲအုပ်နေမျိုးလင်းက ပြောပါတယ် ။

အခုအခါမှာ ထွန်းလင်းနိုင်ကို ဟင်္သာတ အမှတ်၁ မြို့မ ရဲစခန်းမှာ မူးယစ် ပုဒ်မ ၁၉ (က) နဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်တရားခံတွေကိုလည်း ထပ်မံ ဖေါ်ထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။