စိုက်ပျိုးရေးဝန်ထမ်းတွေကိုအားကိုးဖို့နဲ့ နည်းစနစ်တွေအတိုင်းစိုက်ပျိုးဖို့ တောင်သူတွေကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တိုက်တွန်း

၁၃ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးဦးလှမိုးအောင် ဦးဆောင်ပြီး တိုင်းအတွင်း လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေး ပထမအဆင့်ကို စမ်းသတ်ဆောင်ရွက်နေပါတယ်။ အရည်အသွေးကောင်းပြီး အထွက်နှုန်းတိုးဖို့ လုပ်ဆောင်နေတာမှာ တောင်သူတွေအနေနနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေကို အားကိုးကြဖို့နဲ့ စိုက်နည်းစနစ်တွေအတိုင်း စနစ်တကျလိုက်နာစိုက်ပျိုးကျဖို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က တောင်သူတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဦးလှမိုးအောင်အနေနဲ့ မြေတွေကို PH Level တိုင်းပြီး PH Level နိမ့်တဲ့လယ်တွေကို ထုံးထည့်ကာ မြေပြုခြင်းနဲ့ အထွက်နှုန်းတိုး အရည်အသွေးကောင်းအောင်စမ်းသပ်ပြီးစီမံချက်ချဆောင်ရွက်နေတာပါ။ အခုလို လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲတွေနဲ့ပတ်သက်လို့ လယ်သမားတွေနားလည်အောင် ရှင်းပြပြီး အလုပ်ကိုကြိုးစားဆောင်ရွက်ကြဖို့လည်းစိုက်ပျိုးရေးဝန်ထမ်းတွေကိုမှာကြားခဲ့ပါတယ်။

စနစ်တကျစိုက်ပျိုးတာဟာ အရင်နှစ်တွေထက်အပင်တွေသန်ပြီး ပင်ပွားနှုန်းများလာတယ်လို့ လည်းစမ်းသပ်စိုက်ပျိုးခဲ့တဲ့တောင်သူဦးမင်းစိုးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတါင်း မိုးစပါးအနေနဲ့ဧက ၃.၇ သန်းကျော်စိုက်ပျိုးပြီး နွေးစပါးက ဧက ၁.၃ သန်းကျော်စိုက်ပျိုးပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ဧရာဝတီတိုင်းရဲ့ စပါးပျမ်းမျှအထွက်နှုန်းက တစ်ဧက ၆၉ တင်းဝန်ကျင်သာရှိပါတယ်။ ဝန်ကြီးချုပ်ကတော့ အခုလို နည်းစနစ်တွေနဲ့ ပြုပြင်ပြောင်းလဲစိုက်ပျိုးမယ်ဆိုရင် တစ်ဧက တင်း ၁၀၀ ထက်မနည်းထွက်ရှိနိုင်မယ်လို့ခန့်မှန်းထားပါတယ်။