၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။
ဒီနေ့မနက် ၄နာရီခန့်မှာ NLDပါတီရဲ့ ရေကြည်တိုင်းဒေသကြီး အမတ် ကိုမျိုးသက်ဦးကို ကွန်မန်ဒိုဝတ်စုံဝတ် လက်နက်ကိုင်တွေက နေအိမ်ကို လာရောက်ခေါ်ဆောင်သွားတယ်လို့ ဇနီးဖြစ်သူ မဝင်းစန္ဒာခိုင်က အတည်ပြုပါတယ်။
ဆွေးနွေးစရာရှိတဲ့အတွက် အထက်ကညွှန်ကြားချက်အရ လာရောက်ခေါ်တာဖြစ်ပြီး ကိုမျိုးသက်ဦးရဲ့ ဖုန်းကိုလည်း သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
လာရောက်ခေါ်ဆောင်သွားသူတွေက ဘယ်တပ်အမှတ်အမှတ်တံဆိပ်ဆိုတာ မပေါ်လွင်ပဲ အပေါ်က ကွန်မန်ဒို ဝတ်စုံတွေနဲ့ လက်နက်တွေ ကိုင်ဆောင်ထားတာကိုသာ တွေ့ရပါတယ်။
နောက်ဆုံးသတင်းတွေအရ NLD ပါတီရဲ့ အနိုင်ရအခြားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သက်ဆိုင်ရာ သူတို့နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ သိရပါတယ်။