
၁၈ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။



Unicode
အိမ်မဲမြို့နယ်က ကျွဲလမ်း-ကမ်းနား ထိန်ငူလမ်း လာမယ့်နှစ်မှာ ပြင်ဆင်အဆင့်မြှင့်မယ်

၁၈ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

အိမ်မဲမြို့နယ်က ၁ မိုင် ၃ ဖာလုံကျော်ရှည်တဲ့ ကျွဲလမ်း-ကမ်းနား ထိန်းငူလမ်းကို အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ် ရှိမရှိကို ဒီနေ့ပြည်သူ့လွှတ်တော်မှာ အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာကကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ပါတယ် ။

ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက ဒီ ကျွဲလမ်း – ကမ်းနား ထိန်ငူလမ်းက ၂၀၁၈-၂၀၁၉ ငွေလုံးငွေရင်းမှာ မပါပေမယ့် ပြည်ထောင်စုပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းဖြစ်ဖို့ အဆင့်မြှင့်တင် ပြင်ဆင်သွားမယ်လို့ပြန်လည် ဖြေကြားသွားခဲ့ပါတယ် ။