လုပ္သင့္လုပ္ထိုက္တာကို ဥပေဒနဲ႕အညီလုပ္မယ္ဆိုတဲ့ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္

၁၈ ၊ စက္တင္ဘာ ၊ ၂၀၁၈ ။

ေခါင္းေရွာင္တဲ့အလုပ္ေတြကိုသူ႕အေနနဲ႕ တစ္ခုမွလုပ္မွာမဟုတ္ဘဲ လုပ္သင့္လုပ္ထိုက္တာေတြကို ဥပေဒနဲ႕အညီလုပ္သြားမယ့္ ဧရာဝတီိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ စက္တင္ဘာ ၁၈ရက္ေန႕က ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရံုးမွာလုပ္တဲ့ နႏြင္းဂရက္ ေျမယာကိစၥ စာခၽြန္ေတာ္ေလွ်ာက္ထားခံရတာနဲ႕ပတ္သက္လို႕ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တာပါ။

ေျမယာျပႆေတြနဲ႕ပတ္သက္လို႕ဥပေဒနဲ႕အညီေျဖရွင္းေဆာင္ရြက္ေနၿပီး သမၼတရဲ႕ညြန္ၾကားခ်က္နဲ႕အညီ ဒီဇင္ဘာ ၃၁ ရက္ေန႕ ေနာက္ဆံုးထားေဆာင္ရြက္ေနတယ္လို႕ဆိုပါတယ္။

နႏြင္းဂရက္ ကိစၥမွာစာခၽြန္ေတာ္တိုင္ၾကားသူေတြအေနနဲ႕ လုပ္ပိုင္ခြင့္ကိုတရားဝင္ရရွိထားတာမဟုတ္ေၾကာင္းနဲ႕ အဲ့ဒီေျyမေပၚမွာ အျငင္းပြားပဋိပကၡေတြျဖစ္ေနတဲ့အတြက္ အျငင္းပြားေျမအေပၚမဝင္ဖို႕ အစိုးရအေနနဲ႕ ေဒသႏၱရအမိန္ထုတ္တားျမစ္ရတာျဖစ္တယ္လို႕ဆိုပါတယ္။ စာခၽြန္ေတာ္ေလွ်ာက္ထားနဲ႕ပတ္သက္လို႕အရင္ကလည္းအမႈမ်ားစြာရွိၿပီးဝန္ႀကီးခ်ဳပ္ဦးလွမိုးေအာင္လက္ထက္မွာတင္ ၄ ၅ မႈအထိရွိေနတယ္လို႕သိရပါတယ္။

Unicode
လုပ်သင့်လုပ်ထိုက်တာကို ဥပဒေနဲ့အညီလုပ်မယ်ဆိုတဲ့ဧရာဝတီတိုင်းဝန်ကြီးချုပ်

၁၈ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ခေါင်းရှောင်တဲ့အလုပ်တွေကိုသူ့အနေနဲ့ တစ်ခုမှလုပ်မှာမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို ဥပဒေနဲ့အညီလုပ်သွားမယ့် ဧရာဝတီုင်းဒေသကြီးဝန်ကြီးချုပ်ကပြောပါတယ်။ စက်တင်ဘာ ၁၈ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာလုပ်တဲ့ နနွင်းဂရက် မြေယာကိစ္စ စာချွန်တော်လျှောက်ထားခံရတာနဲ့ပတ်သက်လို့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

မြေယာပြဿတွေနဲ့ပတ်သက်လို့ဥပဒေနဲ့အညီဖြေရှင်းဆောင်ရွက်နေပြီး သမ္မတရဲ့ညွန်ကြားချက်နဲ့အညီ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

နနွင်းဂရက် ကိစ္စမှာစာချွန်တော်တိုင်ကြားသူတွေအနေနဲ့ လုပ်ပိုင်ခွင့်ကိုတရားဝင်ရရှိထားတာမဟုတ်ကြောင်းနဲ့ အဲ့ဒီေြyမပေါ်မှာ အငြင်းပွားပဋိပက္ခတွေဖြစ်နေတဲ့အတွက် အငြင်းပွားမြေအပေါ်မဝင်ဖို့ အစိုးရအနေနဲ့ ဒေသန္တရအမိန်ထုတ်တားမြစ်ရတာဖြစ်တယ်လို့ဆိုပါတယ်။ စာချွန်တော်လျှောက်ထားနဲ့ပတ်သက်လို့အရင်ကလည်းအမှုများစွာရှိပြီးဝန်ကြီးချုပ်ဦးလှမိုးအောင်လက်ထက်မှာတင် ၄ ၅ မှုအထိရှိနေတယ်လို့သိရပါတယ်။