“ဒါဟာ ရုရှားရဲ့ သိသိသာသာ စစ်တိုးချဲ့နေတဲ့ လုပ်ရပ်တခု” ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇေလန်းစကီးက ပြောပါတယ်။
၁၅ ၊ စက်တင်ဘာလ
ပြီးခဲ့တဲ့စနေနေ့က ရုရှားဒရုန်းတစင်းဟာ ရိုမေးနီးယားလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ဒါဟာ ပိုလန်ဖြစ်စဉ်ပြီးရင် ဒုတိယမြောက် နေတိုးအဖွဲ့ဝင်နိုင်ငံထဲကို
ရုရှားရဲ့ ကျူးကျော်မှု ဖြစ်ပါတယ်။
စက်တင်ဘာ ၁၃ရက်နေ့က ယူကရိန်းနယ်မြေထဲမှာ ရုရှားက တိုက်ခိုက်နေချိန် ရိုမေးနီးယား တိုက်လေယာဉ်တွေက လေကြောင်းကနေ စောင့်ကြည့်ခဲ့ကြပါတယ်။
အဲဒီ့အချိန်မှာ ယူကရိန်းနဲ့ ရိုမေးနီးယားနယ်စပ်အနီး ရုရှားဒရုန်းတစင်း ဝင်ရောက်လာတာကို ထောက်လှမ်းမိခဲ့တယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုလို လေပိုင်နက်ထဲ ကျူးကျော်မှုဟာ မှားယွင်းတာ မဖြစ်နိုင်ကြောင်းနဲ့ “ဒါဟာ ရုရှားရဲ့ သိသိသာသာ စစ်တိုးချဲ့နေတဲ့ လုပ်ရပ်တခု” ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇေလန်းစကီးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး မော်စကိုအစိုးရဘက်က တုံ့ပြန်လာတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ပိုလန်လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရုရှားဒရုန်း ၃ စင်းထက်မတည်းကို ပစ်ချခဲ့တယ်လို့ ပိုလန်အစိုးရက ထုတ်ပြန်ပါတယ်။
အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ခါဂျာ ကာလ်လက်စ်က ဒါဟာ နောက်ထပ် လက်မခံနိုင်စရာ အီးယူအဖွဲ့ဝင်နိုင်ငံတနိုင်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Ref – BBC