စစ်ပွဲကြောင့် ထိခိုက်သူတွေ အားပေးဖို့ ဗြိတိန်တော်ဝင်မင်းသား ယူကရိန်းကိုရောက်လာ

မင်းသားဟယ်ရီဟာ  ယူကရိန်းနိုင်ငံကို ပထမဆုံးရောက်ရှိလာတာပါ။

၁၂ ၊ စက်တင်ဘာလ

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီဟာ ဒီကနေ့ သောကြာမနက်ပိုင်းမှာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရထားနဲ့ ရောက်လာပါတယ်။

စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ယူကရိန်းနိုင်ငံသားတွေကို ကူညီပေးနေတဲ့ Superhumans

အဖွဲ့က ဖိတ်ကြားတာကြောင့် ရောက်လာခဲ့တာပါ။

ဒဏ်ရာရစစ်သားတွေ ပြန်လည်သက်သာလာရေး ကူညီဖို့ တက်နိုင်သမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

၂၀၂၂ခုနှစ်ကတည်းက ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်အတွင်း သောင်းနဲ့ချီတဲ့ စစ်သားတွေနဲ့ အရပ်သားတွေ ခြေလက်အင်္ဂါတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

သောကြာနေ့ ခရီးစဉ်မတိုင်ခင် မင်းသားဟယ်ရီက “ကျွန်တော်တို့ စစ်ပွဲကိုတော့ မရပ်နိုင်ဘူး ၊ ဒါပေမယ့် ထိခိုက်သူတွေ နလန်ပြန်ထရေးကိုတော့ အစွမ်းကုန်လုပ်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။

မင်းသားဟယ်ရီဟာ  ယူကရိန်းနိုင်ငံကို ပထမဆုံးရောက်ရှိလာတာဖြစ်ပြီး ယူကရိန်းမှာ ရုရှားစတင်တိုက်ခိုက်တဲ့ လွန်ခဲ့တဲ့ ၃နှစ်ကတည်းက ဗြိတိန်တော်ဝင်မိသားစုတွေဟာ ယူကရိန်းဘက်က ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref – BBC