ဧရာဝတီတိုင်းမှာ မိုးရွာဦးမယ်

၁၁ ၊ နိုဝင်ဘာ၊ ၂၀၂၀။

နိုဝင်ဘာလ ၁၀ရက်နေ့မနက် ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းမှာ နေရာကွက်ပြီး မိုးထစ်ချုပ်ရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်စိုးစိုးလွင်ကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတယ်ပါတယ်။ ဒါ့အပြင် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ ၃ပေမှ ၆ ပေအထိ ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့လည်း သိရပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “အီတူ”(ETAU)ဟ လက်ရှိမှာ အပူပိုင်းမုန်းတိုင်းအဖြစ်မှ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီလို့ တိုင်းဒေသကြီး မိုးလေ၀သနဲ့ဇလဗေဒဦးစီးမှုးရုံးက သတင်းထုတ်ပြန်ပါတယ်။

Delta News

Read Previous

စိတ်ကျဝေဒနာ

Read Next

ရန်ကုန်ကနေ တရားမဝင်ပြန်လာသူတစ်ဦးမှာ ကိုဗစ်ရောဂါတွေ့