နှိပ်ခိုင်းတဲ့ ခင်ပွန်းသည်ကို ဇနီးဖြစ်သူက ဓားမနဲ့ခုတ်သတ်

၁ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွှေတချောင်းကျေးရွာမှာ အမျိုးသမီးတစ်ဦးက နှိပ်ခိုင်းတဲ့ ခင်ပွန်းဖြစ်သူကို ဓားနဲ့ ခုတ်သတ် တဲ့အမှု အောက်တိုဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ အသက် ၃၈နှစ်အရွယ် ဦးထွန်းထွန်းလင်းကို အသက် ၃၅နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်သီသီအေးက ဓါးမနဲ့ ခုတ်သတ်ခဲ့တာပါ။ ထမင်းအိုးတည်နေချိန်မှာ ခင်ပွန်းက ထပ်မံ နှိပ်ခိုင်းရာက စကားများ ရန်ဖြစ်ပြီး ဇနီး​ဖြစ်သူက ဓါးမနဲ့ ခုတ်သတ်ခဲ့တာလို့ မအူပင်မြို့မ ရဲစခန်းမှ တာဝန်ရှိရဲအရာရှိ ပြောပါတယ်။

“ယောက်ျားဖြစ်သူက သူ့မိန်းမကို နှိပ်ခိုင်းတော့ ဟိုကနှိပ်ပေးတယ်။ နောက်တော့ ထမင်းအိုးတည်နေတုန်း ထပ်နှိပ်ခိုင်းရာမှာ မိန်းက နှိပ်မပေးဘူးပြောတော့ သူ့မိန်းမခေါင်းကို ယောက်ျားက လက်သီးနဲ့ထိုးတယ်။ ပြီးတော့ ဓားမနဲ့ခုတ်ဖို့လုပ်တဲ့အချိန်မှာ သူ့မိန်းမကနေ ဓားမကိုပြန်လုပြီးတော့ ခုတ်တာပါလို့ စစ်ဆေးပေါ်ပေါက်တယ် “လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ခင်ပွန်းသည်ကို ဓါး​ဖြင့် ခုတ်သတ်ကြောင်း ထွက်ဆို ဝန်ခံတဲ့ ဒေါ်သီသီအေးကို လက်ရှိမှာ ဖမ်းဆီးထိမ်းသိမ်းထားပြီး မအူပင်မြို့မရဲစခန်း က ရာဇာသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)နဲ့ အမှု​ရေးဖွင့် စစ်ဆေးနေပါတယ်။