ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆိုၿပီး ၾကြက္ပဲဖမ္းႏိုင္သလိုမျဖစ္ေအာင္ စည္ပင္ဥပေဒခ်ိဳးေဖာက္သူေတြကို ထိေရာက္ေအာင္အေရးယူမယ္

၂၀ ၊ စက္တင္ဘာ ၊ ၂၀၁၈ ။

ဒီကေန႕က်င္းပခဲ့တဲ့ ဧရာဝတီတိုင္းလႊတ္ေတာ္အစည္းအေဝးမွာ ၿမိဳ႕ေတြ၊ ရြာေတြသန္႕ရွင္းသာယာလွပေရးအဆိုနဲ႕ပတ္သက္ၿပီး စည္ပင္ဝန္ႀကီးဦးေက်ာ္ျမင့္က ေဆြးေႏြးခဲ့တာပါ။ေကာ္မတီေတြဖြဲ႕ၿပီး ဆင္ဖမ္းမယ္က်ားဖမ္းမယ္နဲ႕ ေနာက္ဆံုးၾကြက္ပဲဖမ္းႏိုင္တာမ်ိဳးမျဖစ္ေအာင္ စည္ပင္ဥပေဒခ်ိဳးေဖာက္သူေတြကို ထိထိေရာက္ေရာက္အေရးယူသြားမယ္လို႕ဝန္ႀကီးကေျပာပါတယ္။

ဒီအဆိုကိုေတာ့ ဟသၤာတအမတ္ ဦးေအာင္ကိုကိုဦးက တင္သြင္းခဲ့ၿပီး ကိုစားလွယ္ ၉ ဦးကေထာက္ခံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

အဆိုနဲ႕ပတ္သက္ၿပီးလႊတ္ေတာ္ရဲ႕အတည္ျပဳခ်က္ရယူတာမွာေတာ့ ကန္႕ကြက္သူမရွိတဲ့အတြက္ အဆိုအတိုင္း ဧရာဝတီတိုင္းအတြင္း ၿမိဳ႕ရြာေတြ သန္႕ရွင္းသာယာသပ္ရပ္ႏုိင္ေရး ေဆာင္ရြက္ဖို႕ တိုင္းအစိုးရအဖြဲ႕ကို လႊတ္ေတာ္က တိုက္တြန္းလိုက္ပါတယ္။

Unicode
ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး ကြွက်ပဲဖမ်းနိုင်သလိုမဖြစ်အောင် စည်ပင်ဥပဒေချိုးဖောက်သူတွေကို ထိရောက်အောင်အရေးယူမယ်

၂၀ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဒီကနေ့ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးမှာ မြို့တွေ၊ ရွာတွေသန့်ရှင်းသာယာလှပရေးအဆိုနဲ့ပတ်သက်ပြီး စည်ပင်ဝန်ကြီးဦးကျော်မြင့်က ဆွေးနွေးခဲ့တာပါ။ကော်မတီတွေဖွဲ့ပြီး ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့ နောက်ဆုံးကြွက်ပဲဖမ်းနိုင်တာမျိုးမဖြစ်အောင် စည်ပင်ဥပဒေချိုးဖောက်သူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ဝန်ကြီးကပြောပါတယ်။

ဒီအဆိုကိုတော့ ဟင်္သာတအမတ် ဦးအောင်ကိုကိုဦးက တင်သွင်းခဲ့ပြီး ကိုစားလှယ် ၉ ဦးကထောက်ခံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဆိုနဲ့ပတ်သက်ပြီးလွှတ်တော်ရဲ့အတည်ပြုချက်ရယူတာမှာတော့ ကန့်ကွက်သူမရှိတဲ့အတွက် အဆိုအတိုင်း ဧရာဝတီတိုင်းအတွင်း မြို့ရွာတွေ သန့်ရှင်းသာယာသပ်ရပ်နိုင်ရေး ဆောင်ရွက်ဖို့ တိုင်းအစိုးရအဖွဲ့ကို လွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။