
၂၀ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။




Unicode
ပုသိမ်မှာ တရက်ကြိုကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့

၂၀ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ က ပတ္တမြားခန်းမ မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို တစ်ရက်ကြိုပြီး ဒီနေ့မနက်မှာ ကျင်းပခဲ့ပါတယ် ။

ဧရာဝတီတိုင်းဒေသကြီး လူငယ်ကွန်ရက် က ဦးဆောင်ကျင်းပခဲ့ပြီး ရက်ဂေးအဆိုတော် စောဖိုးခွားဦးဆောင်တဲ့ ဂီတပညာရှင်တွေ ကလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ် ။

အခမ်းနားကို ညနေ ၄ နာရီအထိ ကျင်းပခဲ့ပြီး ပုသိမ်မြို့ခံ ကဗျာဆရာတွေကလည်းငြိမ်းချမ်းရေးကဗျာတွေကို ရွတ်ဖတ်ခဲ့ကြပါတယ် ။