အမျိုးသား ကျန်းမာရေးအင်စတီကျု (NIH)ရဲ့ အဆိုအရ ဆီးကျိတ်ကင်ဆာဟာ အမေရိကန်မှာ အမျိုးသားတွေအကြား ကင်ဆာကြောင့် သေဆုံးမှုရဲ့ ဒုတိယမြောက်အဖြစ်အများဆုံးရောဂါ ဖြစ်ပါတယ်။
၁၉၊ မေ
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ ဆီးကျိတ်ကင်ဆာ အဆင့်ဟာ ပြင်းထန်လာတယ်လို့ သူ့ရဲ့ ရုံးချုပ်က မေလ ၁၈ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ ကင်ဆာအဆင့် ပြင်းထန်မှုဟာ အန္တရာယ်ရှိမှု အဆင့် ၉ အထိ ရှိလာပြီး အရိုးအတွင်းထဲအထိ ကင်ဆာဆဲလ်တွေ ပျံ့နှံ့လာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က သမ္မဟောင်းကို ပုံမှန်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ချိန်မှာ ဆီးကျိတ်အတွင်း သေးငယ်တဲ့ အဖုတစ်ခုကို တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ်စစ်ဆေးမှုတွေတော့ ဆက်လုပ်ရဦးမှာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
အိမ်ဖြူတော်ဆရာဝန်ဟောင်းတစ်ဦးရဲ့ ပြောကြားချက်အရ အသက် ၈ ၂ နှစ်အရွယ် သမ္မဟောင်း ဘိုင်ဒင်ဟာ ၂၀၂၃ ခုနှစ်၊ အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်စဉ် ကာလကလည်း သူ့ရဲ့ ရင်ဘက်မှာရှိတဲ့ ကင်ဆာဖြစ်နေတဲ့ အနာတစ်ခုကို ဖယ်ရှားခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
အမျိုးသား ကျန်းမာရေးအင်စတီကျု (NIH)ရဲ့ အဆိုအရ ဆီးကျိတ်ကင်ဆာဟာ အမေရိကန်မှာ အမျိုးသားတွေအကြား ကင်ဆာကြောင့် သေဆုံးမှုရဲ့ ဒုတိယမြောက်အဖြစ်အများဆုံးရောဂါ ဖြစ်ပါတယ်။
အသိပေးချက်အရ အကြမ်းဖျင်းအားဖြင့် အမျိုးသား ၁၂ ဒဿမ ၉ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဘဝတစ်လျှောက် ဆီးကျိတ်ကင်ဆာ ခံစားနေရနိုင်တယ်လို့ NIH ရဲ့ စစ်တမ်းအရ သိရပြီး ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားဦးရေ ၃ ဒဿမ ၅ သန်းရှိတယ်လို့ ဆိုပါတယ်။
Ref – ABC News