ရက်ရှည်ခန့်မှန်းချက်တွေအရတော့ မေ ၂၆ နဲ့ ၂၇ လောက်မှာ အိန္ဒိယဘက်ကိုဝင်နိုင်ပြီး မြန်မာနိုင်ငံအနောက်ခြမ်း ကမ်းရိုးတမ်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကို သက်ရောက်နိုင်တာမျိုးရှိပါတယ်။ ဒါကလည်း စောင့်ကြည့်ရအုံးမယ့်အနေအထားပါ ” လို့ DNA ကိုဖြေကြားပါတယ်။
၁၆၊ မေ လ။
လာမယ့် ၁၀ ရက်ကျော်ကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း ပင်လယ်ပြင်မှာ မုန်တိုင်းတလုံးဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေပေမယ့် ဆက်စောင့်ကြည့်ရမယ့် အခြေအနေသာဖြစ်တယ်လို့ မိုးဇလ ပညာရှင်တွေကို DNA ကိုပြောပါတယ်။
မိုးလေဝသဖြစ်စဉ်တွေနဲ့ ခန့်မှန်းချက်တွေအရ လာမယ့်မေလ ၁၇ ရက်နေ့မှာတော့ ဒီလေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ချေဟာ ၇၀ ရာခိုင်နူန်းကနေ ဆက်လက်မြင့်တက်လာနေပြီ ဖြစ်ပေမယ့် ခုချိန်ထိတော့ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိနေသေးတယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ဆက်တိုက် အသိပေးမှုတွေ ပြုလုပ်နေပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က တာဝန်ရှိသူ တဦးကတော့ “ ရက်ရှည်ခန့်မှန်းချက်တွေအရတော့ မေ ၂၆ နဲ့ ၂၇ လောက်မှာ အိန္ဒိယဘက်ကိုဝင်နိုင်ပြီး မြန်မာနိုင်ငံအနောက်ခြမ်း ကမ်းရိုးတမ်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကို သက်ရောက်နိုင်တာမျိုးရှိပါတယ်။ ဒါကလည်း စောင့်ကြည့်ရအုံးမယ့်အနေအထားပါ ” လို့ DNA ကိုဖြေကြားပါတယ်။
သူက ဆက်ပြီးတော့ လက်ရှိအချိန်မှာ အနောက်တောင် မုတ်သုန်လေနဲ့ ကုန်းတွင်း မုတ်သုန်လေကြောင့် မိုးဆက်တိုက်ရွာသွန်းမှုတွေ ရှိလာမှာဖြစ်ပြီး အချို့နေရာတွေမှာတော့ ကုန်းတွင်းပိုင်းမုတ်သုံလေဖိအားနည်း ဖြစ်စဉ်တွေကြောင့် ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ထူးခြားဖြစ်စဉ်တွေကို မိုးဇလ ပညာရှင် ဦးဝင်းနိုင် အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ မိုးဇလ ပညာရှင်တွေက ဆက်တိုက်စောင့်ကြည့်လေ့လာပြီး အသိပေးနေတာတွေ ရှိတာကြောင့် ဆိုင်ကလုန်းမုန်တိုင်းလိုမျိုး ဖျက်အားပြင်း မုန်တိုင်းတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ပြည်သူတွေ အနေနဲ့ သတိထားစောင့်ကြည့် ပေးကြဖို့ကိုလည်း မိုးဇလ ပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။