လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းလွန်ပင်လယ်ကလုပ်သားတွေ သတိထားဖို့လို

 

!!!!ကြိုတင်ခန့်မှန်းချက်တွေအတိုင်း မေလ ၁၆ -၁၇ -၁၈ ရက်တွေမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်/မဖြစ် ကို ဆက်လက်စောင့်ကြည့်သွားရမယ်။ အထူးသတိထားကြစေချင်တာက ငလျင်ဒဏ်သင့်ဒေသတွေမှာ ဖြစ်ခဲ့တဲ့ Surface Rupture (မြေပြင်အက်ကွဲ ကြောင်းကြီးတွေ၊ ဘေးတိုက်အရွေ့တွေ) ဖြစ်ခဲ့တဲ့နေရာတွေမှာ မိုးများရင် မြေကျွံနိုင်တယ်၊ မြေပြိုနိုင်တယ်၊ အက်ကွဲကြောင်းကြီးတွေ ပြန်ပိတ်သွားတာလဲ ဖြစ်နိုင်တယ်!!!  လို့ သတိပေးထားပါတယ်။

၈၊မေ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းလွန်ပင်လယ်ပြင်တွေမှာ အလုပ်လုပ်ကိုင်နေသူတွေ သတိထားဖို့မိုးဇလကျွမ်းကျင်သူတွေက  အသိပေးထားပါတယ်။

ဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ်ပြောင်းလဲလာနိုင်ချေ ရှိ၊ မရှိကို စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် အချိန်ကပ်သွားရင် ကြိုတင်ပြင်ဆင်ချိန် အားနည်းသွားနိုင်တာကြောင့် အဆက်မပြတ် သတိပေးမှုပြုနေရတာ ဖြစ်တယ်လို့ မိုးဇလ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ဆိုပါတယ်။

ကြိုတင်ခန့်မှန်းချက်တွေအတိုင်း မေလ ၁၆ -၁၇ -၁၈ ရက်တွေမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်/မဖြစ် ကို ဆက်လက်စောင့်ကြည့်သွားရမယ်။ အထူးသတိထားကြစေချင်တာက ငလျင်ဒဏ်သင့်ဒေသတွေမှာ ဖြစ်ခဲ့တဲ့ Surface Rupture (မြေပြင်အက်ကွဲ ကြောင်းကြီးတွေ၊ ဘေးတိုက်အရွေ့တွေ) ဖြစ်ခဲ့တဲ့နေရာတွေမှာ မိုးများရင် မြေကျွံနိုင်တယ်၊ မြေပြိုနိုင်တယ်၊ အက်ကွဲကြောင်းကြီးတွေ ပြန်ပိတ်သွားတာလဲ ဖြစ်နိုင်တယ်  လို့ သတိပေးထားပါတယ်။

ဒီလေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေတိုက်နူန်းဟာ ၁ နာရီကို မိုင် ၄၀ ဝန်းကျင်ရှိနိုင်ပြီး မိုးသက်လေပြင်းနဲ့ လှိုင်းကြီးနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ဆိုပါတယ်။

မိုးဇလဌာနရဲ့ ခန့်မှန်းချက်တွေအရ လာမယ့် မေလ ၁၀ ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပြီး ၁၃ ရက်နေ့မှာတော့ ပိုမိုအားကောင်းလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မိုးဇလ ကျွမ်းကျင် ပညာရှင် ဦးဝင်းနိုင်ကတော့ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာ ဖြစ်လာနိုင်ပြီး မြောက်ဘက်ကို ဆက်ရွေ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ခန့်မှန်းချက် ၂ ခုစလုံးထဲမှာ မေလ ၁၃ ရက်နောက်ပိုင်းအတွက် လေဖိအားနည်းရပ်ဝန်းရဲ့ လားရာတွေနဲ့ အင်အားတွေကို စောင့်ကြည့်လေ့လာရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။