“ဆယ်နာရီ နဲ့ ဆယ်နာရီ ခွဲကြား ပန်းတောအနီးတဝိုက် တောင်ခြေရွာတလျောက် လေယာဥ် နဲ့ ဆက်တိုက် ခပ်စိပ်စိပ် ကြဲချသွားတယ်”လို့ ကွင်းကောက်မြို့အနီး နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။
၈၊မေလ။
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီက မေလ ၇ ရက်(မနေ့က) ည ၁၀ နာရီ ၃၀ မနစ်ခန့်မှာ လေယဉ်နဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်သင့်ဒေသတွေကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အရှိန်မြင့် ဆောင်ရွက်ဖို့အတွက် အပစ်ရပ်ကာလကို မေလ ၆ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် အခုလို လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊
“ဆယ်နာရီ နဲ့ ဆယ်နာရီ ခွဲကြား ပန်းတောအနီးတဝိုက် တောင်ခြေရွာတလျောက် လေယာဥ် နဲ့ ဆက်တိုက် ခပ်စိပ်စိပ် ကြဲချသွားတယ်”လို့ ကွင်းကောက်မြို့အနီး နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။
မြေပြင်အခြေအနေအရ လေးမျက်နှာမြို့နယ်ထဲက စစ်ရေးအခြေအနေတွေကို သတင်းဆက်သွယ်ရ ခက်ခဲနေပါတယ်။ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပုသိမ်-မုံရွာလမ်း အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ ဆက်လက် နေထိုင်နေသူတွေကို အာရက္ခတပ်တော်က ဖုန်းတွေကို သိမ်းထားပြီး သတင်းအချက်အလက်တွေကို ထိန်းချုပ်ထားပါတယ်။ ပုသိမ်-မုံရွာလမ်း အရှေ့ဘက်ခြမ်းက ပန်းတောကြီး ၊ ဆီဆုံကုန်း စတဲ့ကျေးရွာတွေက ဒေသခံတွေလည်း စစ်ကောင်စီ ထိန်းချုပ် ဧရိယာတွေဖြစ်တဲ့ လေးမျက်နှာ၊ဟင်္သာတ အစရှိတဲ့ ဒေသတွေကို တိမ်းရှောင်နေရပြီး သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ပြောဖို့ အခက်အခဲ ရှိနေတာပါ။
ညက လေယဉ်နဲ့ ဗုံးလာကြဲသွားတဲ့ အခြေအနေကို ဒေသတွင်း လူမှုကွန်ယက်မှာ ဒေသခံတဦးက ‘ကျောက်စရစ်ကုန်းကို ကြဲနေတာ”လို့ ပြောပါတယ်။ DNA ရဲ့ သတင်းရင်းမြစ် ခန့်မှန်းချက်အရ ပန်းတောကြီးကျေးရွာ နဲ့ ရိုးမတောင်ခြေကြားမှာ လဲခုန်ကြီး၊လဲခုန်လေး၊ ဝတ်ကုန်းတောင်၊ဝတ်ကုန်မြောက်၊ ကျောက်စရစ်ကုန်း၊ ဝါးတောကွင်း ၊ ထောက်ကြံ့ကွင်း စတဲ့ကျေးရွာတွေ ရှိနေတာ ဖြစ်ပါတယ်။
မနေ့ညက လေကြောင်းတိုက်ခိုက်မှု နဲ့ပါတ်သက်ပြီး ဒီနေ့ မနက်၁၀ နာရီအထိ မြေပြင်သတင်းအခြေအနေတွေကို DNA အနေနဲ့ ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။