ကိုဗစ် ဇီးရိုး ၊ ပါတီဝန်းရံ တစ်ဂိုး

၁၅ ၊ အောက်တိုဘာလ ၊ ၂၀၂၀။ (Opinion)

ကပ်ရောဂါကာလမှာ ကိန်းဂဏန်းတွေဟာ လူတွေအတွက် စိတ်ပိုင်းဆိုင်ရာ သွင်းဂိုးတွေပါပဲ။
ရောဂါကူးစက်ခံရတဲ့ တနေ့တာစာရင်းထွက်မဲ့အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြမယ်။
ရောဂါပိုး ကူးစက်ခံရမှုဟာ မနေ့ကထက် ပိုနည်းတဲ့ အရေအတွက် ထွက်လာမယ်ဆိုရင် သူတို့တွေဟာ စိတ်သက်သာရာ ရမယ်။
တကယ်လို့ ရောဂါပိုးကူးစက်ခံရမှုဟာ ယခင်နေ့တွေကထက် ပိုများတဲ့ အရေအတွက် ထွက်လာမယ်ဆိုရင် သူတို့တွေဟာ အထိတ်တလန့် ဖြစ်ကြမယ်။
လူအဖွဲ့အစည်းဟာ ကူးစက်မြန်ကပ်ရောဂါကို အနိုင်ယူနိုင်ဖို့ ဂိုးများများ အသွင်းမခံရဖို့ လိုတယ် မဟုတ်လား။

(၁)
အောက်တိုဘာလ (၁၄) ရက်နေ့အထိ နောက်ဆုံးစာရင်းအရ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ COVID-19 ကူးစက်ခံရတဲ့သူ အရေအတွက်ဟာ ၅၃၂ ဦးရှိနေပြီ ဖြစ်တယ် ။ ဒီအရေအတွက် ဟာ ကိုဗစ်ဒုတိယလှိုင်းကာလအတွင်းမှာ တရှိန်ထိုးတက်သွားတာပါ။ ဧရာဝတီတိုင်းနဲ့ နယ်မြေခြင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ပိုးတွေ့လူနာတွေများနေချိန်အထိ တောင့်ခံထားနိုင်ခဲ့ပေမယ့် ရန်ကုန်တိုင်းမှာပါ ကူးစက်မှုနှုန်းများလာချိန်မှာတော့ မြစ်ဝကျွန်းပေါ်ဒေသဟာ ရောဂါကူးစက်မှုတာ ကျိုးပေါက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ရက်ပေါင်း ငါးဆယ်နီးပါးမှာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းအတွင်းမှာ COVID -19 ကူးစက်ခံရသူပေါင်းဟာ ငါးရာကျော်အထိ ရောက်ရှိသွားတာပါ။

ဒါပေမယ့် မြစ်ဝကျွန်းပေါ်သားတွေမှာ စိတ်သက်သာရာ တစ်ချက်တော့ ရှိနေပါတယ်။ လူဦးရေထူထပ်မှု သိပ်မကွာပေမယ့် တခြားတိုင်းဒေသကြီးတွေ ၊ ပြည်နယ်တွေထက် ကူးစက်ခံရမှုနှုန်း သက်သာရာ ရနေသေးတာ ဖြစ်သလို ဒီနေ့အချိန်အထိ ရောဂါသက်သာပြီး ဆေးရုံက ပြန်ဆင်းသွားသူ အရေအတွက်ကလည်း ၃၆၄ ဦးအထိ ရှိနေတာ ဖြစ်ပါတယ် ။ ဒါ့ထက်ပိုပြီးကောင်းတဲ့ စိတ်ခံစားချက်က ဧရာဝတီတိုင်းအတွင်းမှာ ဒီနေ့အချိန်အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်က ဇီးရိုးပါ။

တနိုင်ငံလုံးမှာ သေဆုံးလူနာ ခုနှစ်ရာကျော်ရှိနေချိန်မှာ ဧရာဝတီတိုင်းမှာ ကိုဗစ်လူနာ သေဆုံးမှုက ဇီရိုးပါ။

(၂)
COVID-19 ကူးစက်မှုကို ကမ္ဘာနဲ့အဝန်း ရင်ဆိုင်နေရချိန် မြန်မာပြည်ကို နောက်ထပ်ကပ်ရောဂါတစ်ခုက တပြိုင်နက်ထဲ ရောက်လာပါတယ်။ အဲဒါကတော့ ပါတီဝန်းရံသူကပ်ရောဂါဆိုးပါ ။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေအတွက် စက်တင်ဘာလ ၈ ရက်နေ့ကစပြီး မဲဆွယ်စည်းရုံးခွင့် ပြုလိုက်ပါတယ်။ ဒါပေမယ့် ကပ်ရောဂါ ကာလအတွင်းမှာ နိုင်ငံရေးပါတီတွေအတွက် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးဖို့ ပထမပိုင်းမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ ၊ ကိုယ်စားလှယ်တွေ အနေနဲ့ ကော်မရှင်ဆီမှာ တရားဝင်ခွင့်ပြုချက်တင်ပြီး မဲဆွယ်စည်းရုံးဖို့ရာ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီပါဘူး ။အဲဒီအခါမှာ ပါတီဝန်းရံသူတွေဆိုတဲ့ လူအုပ်ကြီးဟာ လမ်းမတွေပေါ်ကို ထွက်လာကြပါတယ်။

အထူးသဖြင့် အင်အားကြီးပါတီကြီး နှစ်ခုရဲ့ ဝန်းရံထောက်ခံသူတွေဟာ ကိုယ်စားပြု အကျီတွေ ၊ အလံတွေ အသီးသီးဝတ်ဆင်ကြပြီး အင်အား ရာဂဏန်းကနေ ထောင်ဂဏန်းအထိရှိတဲ့ အရေအတွက်နဲ့ အပြိုင်အဆိုင် အင်အားပြကြပါတယ်။ ပါတီထောက်ခံဝန်းရံသူတွေလို့ ခေါင်းစဉ်တပ်ထားတဲ့ လူအုပ်ကြီးတွေဟာ အခုလို လမ်းပေါ်မှာ အုံနဲ့ကျင်းနဲ့ အင်အားပြဖို့ သက်ဆိုင်ရာဒေသရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေဆီမှာ ခွင့်ပြုချက်မယူကြပါဘူး ။ အဲဒီအတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ အရေးယူခံထားရခြင်း မရှိပါဘူး။

တဖက်မှာလည်း ပါတီဝန်းရံထောက်ခံသူတွေဟာ လမ်းမတွေပေါ်မှာ လူရာထောင်ချီပြီး အသံချဲ့စက်တွေ ဆူဆူညံညံ ဖွင့်ကာ လှည့်လည်ကြဖို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ ဆီမှာ လည်းခွင့်ပြုချက်မတင်ကြပါဘူး ။ အဲဒီအတွက်လည်း အဲဒီဝန်းရံသူတစ်စုံတစ်ယောက်ကိုမှ ငြိမ်းစုစီဥပဒေနဲ့ အရေးယူခံထားရတာ မရှိပါဘူး ။

(၃)
ကိုဗစ်ကပ်ရောဂါဟာ လူရဲ့ ကိုယ်ခံအားစနစ်ကို အင်အားနည်းအောင်တိုက်ခိုက်တာဆိုရင် ပါတီဝန်းရံကပ်ရောဂါက မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးအပေါ်လူတွေရဲ့ ယုံကြည်မှုအင်အားနည်းသွားအောင် တိုက်ခိုက်တဲ့ ကပ်ရောဂါဆိုး တစ်ခုပါ ။

ကိုဗစ်ကပ်ရောဂါကြောင့် လူတွေကို အိမ်ထဲမှာ နေဖို့ အမိန့်ညွှန်ကြားချက်တွေထုတ်ပြန်ထားချိန် ၊ တမြို့နဲ့ တမြို့အသွားအလာကန့်သတ်ဖို့ မြို့အဝင်တွေမှာ လူတိုင်းကားပေါ်ကဆင်းပြီး ကိုယ်ရေးအချက်အလက်တွေ ၊ ခရီးသွားရာဇဝင်တွေ ပေးရပေမယ့် ပါတီဝန်းရံသူတွေဟာ အဲဒီမြို့အဝင် စစ်ဆေးရေးဂိတ်တွေကို အဟန့်အတားမရှိ ဖြတ်သွားကြပါတယ် ။ ကိုဗစ်ကပ်ရောဂါကြောင့် စက်ရုံပိတ်ထားရသူတွေ ၊ ဈေးဆိုင်ပိတ်ထားရသူတွေနဲ့ ရောဂါကုသရေးကို နေ့ညမနားလုပ်ဆောင်နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေက လမ်းပေါ်က ပါတီဝန်းရံသူ လူအုပ်ကြီးကို ငေးကြည့်နေရပါတယ်။

ပါတီဝန်းရံသူတွေဟာ ဆိုင်ကယ်တွေကို ဦးထုပ်မဆောင်းပဲ သုံးလေးဦးအထိ စီးပါတယ် ။ စည်ပင်သာယာနယ်နိမိတ်အတွင်းလလမ်းမတွေပေါ်မှာ သွားလာခွင့်မရှိတဲ့ ထော်လာဂျီတွေ ၊ လယ်ထွန်စက်တွေပေါ်မှာ လူတွေပြည့်ကျပ်နေအောင်တင်ပြီး မြို့ထဲလှည့်လည်ကြပါတယ် ။ သာမန်လူတွေအတွက် နားမခံသာတဲ့ ဆူညံလွန်းတဲ့ ဆောင်းဘောက်တွေ ၊ လောက်စပီကာတွေကို ဖွင့်ပြီး ကားတွေပေါ်မှာ ၊ လမ်းတွေပေါ်မှာ ကကြပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ အရေးပေါ်ထုတ်ပြန်ထားတဲ့ ဥပဒေတွေချိုးဖေါက်လို့ ထောင်ချအရေးယူခံထားရသူ ထောင်နဲ့ချီပြီး ရှိနေပေမယ့် ပါတီဝန်းရံထောက်ခံသူတွေကတော့ ဥပဒေမဲ့ ကင်းလွတ်ခွင့်ရနေကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို အပြိုင်အဆိုင် မင်းမဲ့စရိုက်ဆန်ဆန်အပြုအမှုတွေက တစ်ဖက်နဲ့ တစ်ဖက် ရန်လိုတဲ့အထိ ကူးစက်လာပါတယ် ။ အောက်တိုဘာလ (၃) ရက်နေ့မှာ မကွေးတိုင်းဒေသကြီး ၊ မြိုင်မြို့နယ်က လူအုပ်စုနဲ့ အကြမ်းဖက်မှုက စပြီး သတိပေးခေါင်းလောင်းထိုးလိုက်တာပါ။

အဲဒါအပြီး သိပ်မကြာခင်မှာပဲ ဧရာဝတီတိုင်း ဟင်္သာတခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပါတီဝန်းရံသူတွေအကြား ပဋိပက္ခ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလ( ၇ )ရက်နေ့မှာ ပါတီကြီးနှစ်ခုကို ထောက်ခံကြတဲ့ သူအချင်းချင်း စကားများရာကနေ (၂၂ )နှစ်အရွယ် လူငယ်တစ်ဦးကို အိမ်ထဲအထိ ဒုတ်နဲ့ ဝိုင်းရိုက်ကြတဲ့ ဖြစ်စဉ်တစ်ခု အိုင်သပြုမြို့မှာ ဖြစ်ခဲ့ပါတယ်။ အဲဒီလူငယ်ဟာ အိုင်သပြုဆေးရုံကနေ နောက်တနေ့မှာ ဟင်္သာတဆေးရုံကြီးဆီရောက်လာပြီး သိပ်မကြာခင်မှာပဲ အဲဒီဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

အဲဒီလူငယ်ရဲ့ ဈာပနကို အောက်တိုဘာလ ၉ ရက်နေ့မှာကျင်းပပြီးနောက်တစ်နေ့ဖြစ်တဲ့ ၁၀ ရက်နေ့မှာ ဟင်္သာတမြို့ အစွန်နားက တာဂွကျေးရွာမှာ ပါတီဝန်းရံသူတွေ တစ်ဖက်နဲ့ တစ်ဖက် ပဋိပက္ခ ဖြစ်ပါတယ် ။ အဲဒီဖြစ်စဉ် ဖြစ်အပြီး နောက်နှစ်ရက်အကြာမှာ ဟင်္သာတခရိုင်ထဲက အင်္ဂပူမြို့နယ်ထဲမှာ ပါတီအောင်နိုင်ရေးသီချင်းဖွင့်လို့ဆိုပြီး တစ်ဖက်ပါတီထောက်ခံသူက ဝါးချွန်နဲ့ထိုးမှု ဖြစ်ခဲ့ပြန်ပါတယ် ။

(၄)
လက်ရှိဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဝင်းမောင်ဟာ ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲသုံးကြိမ်လုံးကို ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပါတယ် ။ သူကတော့ ၂၀၂၀ ရွေးကောက်ပွဲကြိုကာလဟာ အခုလို အကြမ်းဖက်မှုအများဆုံး နဲ့ နိုင်ငံရေးပါတီကြီးနှစ်ခုစလုံးဟာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်စထောင်ကတည်းက စည်းကမ်းနဲ့ အညီမလုပ်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက ပါတီတွေမဲဆွယ်စည်းရုံးရေးခွင့်ပြုချက်တင်တဲ့အခါမှာ တနေရာထဲ ၊ တချိန်ထဲမှာ အင်အားကြီးပါတီနှစ်ခု ထိပ်တိုက်မတွေ့အောင် စီစဉ်ပေးနိုင်ခဲ့ပေမယ် အခု ပါတီဝန်းရံသူတွေဟာ ကော်မရှင်ဆီမှာ ခွင့်ပြုချက်မတင်ဘဲ လုပ်နေတဲ့အတွက် နောက်ထပ်ထိပ်တိုက်တွေ့မှုတွေ ပဋိပက္ခတွေ ကြုံလာနိုင်စရာရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်ကလည်း ကိုဗစ်ကာလအရေးပေါ်ပြဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ပြီး လူရာထောင်ချီပြီး အင်အားပြနေတဲ့ ပါတီဝန်းရံသူတွေကို အရေးယူလို့ မဖြစ်ဘူးလို့ ပြောပါတယ် ။
တစ်နိုင်ငံလုံးမှာ အခုလိုတွေဖြစ်နေတာတွေကို ကျွန်တော့်မြို့နယ်ကမှ ချွန်ပြီးအရေးယူလို့ ဘယ်ဖြစ်ပါ့မလဲလို့ သူက ခပ်လေးလေး ပြောပါတယ် ။

(နိဂုံး)
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလဟာ ရက်ပေါင်း ၂၀ ကျော် ကျန်ရှိနေပါသေးတယ် ။ လမ်းပေါ်မှာတော့ ပါတီအလံတွေ တလူလူလွှင့်ပြီး ပါတီဝန်းရံသူတွေက နေ့စဉ်နဲ့အမျှသွားလာနေကြစဲပါ။

အဲဒီလိုသွားလာနေချိန် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသူ တစ်ဦးမျှ မရှိသေးပေမယ့် ပါတီဝန်းရံကပ်ရောဂါကနေတဆင့် လူငယ်တစ်ဦး သေဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။

ကပ်ရောဂါကာလမှာ ကိန်းဂဏန်းတွေဟာ လူတွေအတွက် စိတ်ပိုင်းဆိုင်ရာ သွင်းဂိုးတွေပါပဲ။
နေပျော်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဂိုးများများအသွင်းမခံရဖို့ လိုမယ်မဟုတ်လား။

(Zawgyi)

ကိုဗစ္ ဇီး႐ိုး ၊ ပါတီဝန္းရံ တစ္ဂိုး

၁၅ ၊ ေအာက္တိုဘာလ ၊ ၂၀၂၀။ (Opinion)

ကပ္ေရာဂါကာလမွာ ကိန္းဂဏန္းေတြဟာ လူေတြအတြက္ စိတ္ပိုင္းဆိုင္ရာ သြင္းဂိုးေတြပါပဲ။
ေရာဂါကူးစက္ခံရတဲ့ တေန႔တာစာရင္းထြက္မဲ့အခ်ိန္ကို စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ၾကမယ္။
ေရာဂါပိုး ကူးစက္ခံရမႈဟာ မေန႔ကထက္ ပိုနည္းတဲ့ အေရအတြက္ ထြက္လာမယ္ဆိုရင္ သူတို႔ေတြဟာ စိတ္သက္သာရာ ရမယ္။
တကယ္လို႔ ေရာဂါပိုးကူးစက္ခံရမႈဟာ ယခင္ေန႔ေတြကထက္ ပိုမ်ားတဲ့ အေရအတြက္ ထြက္လာမယ္ဆိုရင္ သူတို႔ေတြဟာ အထိတ္တလန႔္ ျဖစ္ၾကမယ္။
လူအဖြဲ႕အစည္းဟာ ကူးစက္ျမန္ကပ္ေရာဂါကို အႏိုင္ယူႏိုင္ဖို႔ ဂိုးမ်ားမ်ား အသြင္းမခံရဖို႔ လိုတယ္ မဟုတ္လား။

(၁)
ေအာက္တိုဘာလ (၁၄) ရက္ေန႔အထိ ေနာက္ဆုံးစာရင္းအရ ဧရာဝတီ ျမစ္ဝကြၽန္းေပၚေဒသမွာ COVID-19 ကူးစက္ခံရတဲ့သူ အေရအတြက္ဟာ ၅၃၂ ဦးရွိေနၿပီ ျဖစ္တယ္ ။ ဒီအေရအတြက္ ဟာ ကိုဗစ္ဒုတိယလႈိင္းကာလအတြင္းမွာ တရွိန္ထိုးတက္သြားတာပါ။ ဧရာဝတီတိုင္းနဲ႔ နယ္ေျမျခင္း ထိစပ္ေနတဲ့ ရခိုင္ျပည္နယ္မွာ ပိုးေတြ႕လူနာေတြမ်ားေနခ်ိန္အထိ ေတာင့္ခံထားႏိုင္ခဲ့ေပမယ့္ ရန္ကုန္တိုင္းမွာပါ ကူးစက္မႈႏႈန္းမ်ားလာခ်ိန္မွာေတာ့ ျမစ္ဝကြၽန္းေပၚေဒသဟာ ေရာဂါကူးစက္မႈတာ က်ိဳးေပါက္ခဲ့ရပါတယ္။ အဲဒီလိုနဲ႔ ရက္ေပါင္း ငါးဆယ္နီးပါးမွာ ျမစ္ဝကြၽန္းေပၚေဒသျဖစ္တဲ့ ဧရာဝတီတိုင္းအတြင္းမွာ COVID -19 ကူးစက္ခံရသူေပါင္းဟာ ငါးရာေက်ာ္အထိ ေရာက္ရွိသြားတာပါ။

ဒါေပမယ့္ ျမစ္ဝကြၽန္းေပၚသားေတြမွာ စိတ္သက္သာရာ တစ္ခ်က္ေတာ့ ရွိေနပါတယ္။ လူဦးေရထူထပ္မႈ သိပ္မကြာေပမယ့္ တျခားတိုင္းေဒသႀကီးေတြ ၊ ျပည္နယ္ေတြထက္ ကူးစက္ခံရမႈႏႈန္း သက္သာရာ ရေနေသးတာ ျဖစ္သလို ဒီေန႔အခ်ိန္အထိ ေရာဂါသက္သာၿပီး ေဆး႐ုံက ျပန္ဆင္းသြားသူ အေရအတြက္ကလည္း ၃၆၄ ဦးအထိ ရွိေနတာ ျဖစ္ပါတယ္ ။ ဒါ့ထက္ပိုၿပီးေကာင္းတဲ့ စိတ္ခံစားခ်က္က ဧရာဝတီတိုင္းအတြင္းမွာ ဒီေန႔အခ်ိန္အထိ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္က ဇီး႐ိုးပါ။

တႏိုင္ငံလုံးမွာ ေသဆုံးလူနာ ခုႏွစ္ရာေက်ာ္ရွိေနခ်ိန္မွာ ဧရာဝတီတိုင္းမွာ ကိုဗစ္လူနာ ေသဆုံးမႈက ဇီ႐ိုးပါ။

(၂)
COVID-19 ကူးစက္မႈကို ကမာၻနဲ႔အဝန္း ရင္ဆိုင္ေနရခ်ိန္ ျမန္မာျပည္ကို ေနာက္ထပ္ကပ္ေရာဂါတစ္ခုက တၿပိဳင္နက္ထဲ ေရာက္လာပါတယ္။ အဲဒါကေတာ့ ပါတီဝန္းရံသူကပ္ေရာဂါဆိုးပါ ။ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီေတြအတြက္ စက္တင္ဘာလ ၈ ရက္ေန႔ကစၿပီး မဲဆြယ္စည္း႐ုံးခြင့္ ျပဳလိုက္ပါတယ္။ ဒါေပမယ့္ ကပ္ေရာဂါ ကာလအတြင္းမွာ ႏိုင္ငံေရးပါတီေတြအတြက္ လူစုလူေဝးနဲ႔ မဲဆြယ္စည္း႐ုံးဖို႔ ပထမပိုင္းမွာ အခက္အခဲေတြ ရွိခဲ့ပါတယ္။ ႏိုင္ငံေရးပါတီေတြ ၊ ကိုယ္စားလွယ္ေတြ အေနနဲ႔ ေကာ္မရွင္ဆီမွာ တရားဝင္ခြင့္ျပဳခ်က္တင္ၿပီး မဲဆြယ္စည္း႐ုံးဖို႔ရာ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ မကိုက္ညီပါဘူး ။အဲဒီအခါမွာ ပါတီဝန္းရံသူေတြဆိုတဲ့ လူအုပ္ႀကီးဟာ လမ္းမေတြေပၚကို ထြက္လာၾကပါတယ္။

အထူးသျဖင့္ အင္အားႀကီးပါတီႀကီး ႏွစ္ခုရဲ႕ ဝန္းရံေထာက္ခံသူေတြဟာ ကိုယ္စားျပဳ အက်ီေတြ ၊ အလံေတြ အသီးသီးဝတ္ဆင္ၾကၿပီး အင္အား ရာဂဏန္းကေန ေထာင္ဂဏန္းအထိရွိတဲ့ အေရအတြက္နဲ႔ အၿပိဳင္အဆိုင္ အင္အားျပၾကပါတယ္။ ပါတီေထာက္ခံဝန္းရံသူေတြလို႔ ေခါင္းစဥ္တပ္ထားတဲ့ လူအုပ္ႀကီးေတြဟာ အခုလို လမ္းေပၚမွာ အုံနဲ႔က်င္းနဲ႔ အင္အားျပဖို႔ သက္ဆိုင္ရာေဒသရဲ႕ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြဆီမွာ ခြင့္ျပဳခ်က္မယူၾကပါဘူး ။ အဲဒီအတြက္ သက္ဆိုင္ရာႏိုင္ငံေရးပါတီေတြဟာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒအရ အေရးယူခံထားရျခင္း မရွိပါဘူး။

တဖက္မွာလည္း ပါတီဝန္းရံေထာက္ခံသူေတြဟာ လမ္းမေတြေပၚမွာ လူရာေထာင္ခ်ီၿပီး အသံခ်ဲ႕စက္ေတြ ဆူဆူညံညံ ဖြင့္ကာ လွည့္လည္ၾကဖို႔ သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းေတြ ဆီမွာ လည္းခြင့္ျပဳခ်က္မတင္ၾကပါဘူး ။ အဲဒီအတြက္လည္း အဲဒီဝန္းရံသူတစ္စုံတစ္ေယာက္ကိုမွ ၿငိမ္းစုစီဥပေဒနဲ႔ အေရးယူခံထားရတာ မရွိပါဘူး ။

(၃)
ကိုဗစ္ကပ္ေရာဂါဟာ လူရဲ႕ ကိုယ္ခံအားစနစ္ကို အင္အားနည္းေအာင္တိုက္ခိုက္တာဆိုရင္ ပါတီဝန္းရံကပ္ေရာဂါက ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒ စိုးမိုးေရးအေပၚလူေတြရဲ႕ ယုံၾကည္မႈအင္အားနည္းသြားေအာင္ တိုက္ခိုက္တဲ့ ကပ္ေရာဂါဆိုး တစ္ခုပါ ။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူေတြကို အိမ္ထဲမွာ ေနဖို႔ အမိန႔္ၫႊန္ၾကားခ်က္ေတြထုတ္ျပန္ထားခ်ိန္ ၊ တၿမိဳ႕နဲ႔ တၿမိဳ႕အသြားအလာကန႔္သတ္ဖို႔ ၿမိဳ႕အဝင္ေတြမွာ လူတိုင္းကားေပၚကဆင္းၿပီး ကိုယ္ေရးအခ်က္အလက္ေတြ ၊ ခရီးသြားရာဇဝင္ေတြ ေပးရေပမယ့္ ပါတီဝန္းရံသူေတြဟာ အဲဒီၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္ေတြကို အဟန႔္အတားမရွိ ျဖတ္သြားၾကပါတယ္ ။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စက္႐ုံပိတ္ထားရသူေတြ ၊ ေဈးဆိုင္ပိတ္ထားရသူေတြနဲ႔ ေရာဂါကုသေရးကို ေန႔ညမနားလုပ္ေဆာင္ေနၾကရတဲ့ က်န္းမာေရးဝန္ထမ္းေတြက လမ္းေပၚက ပါတီဝန္းရံသူ လူအုပ္ႀကီးကို ေငးၾကည့္ေနရပါတယ္။

ပါတီဝန္းရံသူေတြဟာ ဆိုင္ကယ္ေတြကို ဦးထုပ္မေဆာင္းပဲ သုံးေလးဦးအထိ စီးပါတယ္ ။ စည္ပင္သာယာနယ္နိမိတ္အတြင္းလလမ္းမေတြေပၚမွာ သြားလာခြင့္မရွိတဲ့ ေထာ္လာဂ်ီေတြ ၊ လယ္ထြန္စက္ေတြေပၚမွာ လူေတြျပည့္က်ပ္ေနေအာင္တင္ၿပီး ၿမိဳ႕ထဲလွည့္လည္ၾကပါတယ္ ။ သာမန္လူေတြအတြက္ နားမခံသာတဲ့ ဆူညံလြန္းတဲ့ ေဆာင္းေဘာက္ေတြ ၊ ေလာက္စပီကာေတြကို ဖြင့္ၿပီး ကားေတြေပၚမွာ ၊ လမ္းေတြေပၚမွာ ကၾကပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလ အေရးေပၚထုတ္ျပန္ထားတဲ့ ဥပေဒေတြခ်ိဳးေဖါက္လို႔ ေထာင္ခ်အေရးယူခံထားရသူ ေထာင္နဲ႔ခ်ီၿပီး ရွိေနေပမယ့္ ပါတီဝန္းရံေထာက္ခံသူေတြကေတာ့ ဥပေဒမဲ့ ကင္းလြတ္ခြင့္ရေနၾကတာပဲ ျဖစ္ပါတယ္။ အဲဒီလို အၿပိဳင္အဆိုင္ မင္းမဲ့စ႐ိုက္ဆန္ဆန္အျပဳအမႈေတြက တစ္ဖက္နဲ႔ တစ္ဖက္ ရန္လိုတဲ့အထိ ကူးစက္လာပါတယ္ ။ ေအာက္တိုဘာလ (၃) ရက္ေန႔မွာ မေကြးတိုင္းေဒသႀကီး ၊ ၿမိဳင္ၿမိဳ႕နယ္က လူအုပ္စုနဲ႔ အၾကမ္းဖက္မႈက စၿပီး သတိေပးေခါင္းေလာင္းထိုးလိုက္တာပါ။

အဲဒါအၿပီး သိပ္မၾကာခင္မွာပဲ ဧရာဝတီတိုင္း ဟသၤာတခ႐ိုင္အတြင္းမွာ ၿပီးခဲ့တဲ့ တစ္ပတ္အတြင္း ပါတီဝန္းရံသူေတြအၾကား ပဋိပကၡ သုံးႀကိမ္ျဖစ္ခဲ့ပါတယ္။ ေအာက္တိုဘာလ( ၇ )ရက္ေန႔မွာ ပါတီႀကီးႏွစ္ခုကို ေထာက္ခံၾကတဲ့ သူအခ်င္းခ်င္း စကားမ်ားရာကေန (၂၂ )ႏွစ္အ႐ြယ္ လူငယ္တစ္ဦးကို အိမ္ထဲအထိ ဒုတ္နဲ႔ ဝိုင္း႐ိုက္ၾကတဲ့ ျဖစ္စဥ္တစ္ခု အိုင္သျပဳၿမိဳ႕မွာ ျဖစ္ခဲ့ပါတယ္။ အဲဒီလူငယ္ဟာ အိုင္သျပဳေဆး႐ုံကေန ေနာက္တေန႔မွာ ဟသၤာတေဆး႐ုံႀကီးဆီေရာက္လာၿပီး သိပ္မၾကာခင္မွာပဲ အဲဒီဒဏ္ရာေတြနဲ႔ ေသဆုံးသြားပါတယ္။

အဲဒီလူငယ္ရဲ႕ ဈာပနကို ေအာက္တိုဘာလ ၉ ရက္ေန႔မွာက်င္းပၿပီးေနာက္တစ္ေန႔ျဖစ္တဲ့ ၁၀ ရက္ေန႔မွာ ဟသၤာတၿမိဳ႕ အစြန္နားက တာဂြေက်း႐ြာမွာ ပါတီဝန္းရံသူေတြ တစ္ဖက္နဲ႔ တစ္ဖက္ ပဋိပကၡ ျဖစ္ပါတယ္ ။ အဲဒီျဖစ္စဥ္ ျဖစ္အၿပီး ေနာက္ႏွစ္ရက္အၾကာမွာ ဟသၤာတခ႐ိုင္ထဲက အဂၤပူၿမိဳ႕နယ္ထဲမွာ ပါတီေအာင္ႏိုင္ေရးသီခ်င္းဖြင့္လို႔ဆိုၿပီး တစ္ဖက္ပါတီေထာက္ခံသူက ဝါးခြၽန္နဲ႔ထိုးမႈ ျဖစ္ခဲ့ျပန္ပါတယ္ ။

(၄)
လက္ရွိဟသၤာတခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠဌ ဦးဝင္းေမာင္ဟာ ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲသုံးႀကိမ္လုံးကို ဥကၠဌအျဖစ္ တာဝန္ယူခဲ့သူတစ္ဦးျဖစ္ပါတယ္ ။ သူကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကိဳကာလဟာ အခုလို အၾကမ္းဖက္မႈအမ်ားဆုံး နဲ႔ ႏိုင္ငံေရးပါတီႀကီးႏွစ္ခုစလုံးဟာ ပါတီေအာင္ႏိုင္ေရး ဆိုင္းဘုတ္စေထာင္ကတည္းက စည္းကမ္းနဲ႔ အညီမလုပ္ဘူးလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြတုန္းက ပါတီေတြမဲဆြယ္စည္း႐ုံးေရးခြင့္ျပဳခ်က္တင္တဲ့အခါမွာ တေနရာထဲ ၊ တခ်ိန္ထဲမွာ အင္အားႀကီးပါတီႏွစ္ခု ထိပ္တိုက္မေတြ႕ေအာင္ စီစဥ္ေပးႏိုင္ခဲ့ေပမယ္ အခု ပါတီဝန္းရံသူေတြဟာ ေကာ္မရွင္ဆီမွာ ခြင့္ျပဳခ်က္မတင္ဘဲ လုပ္ေနတဲ့အတြက္ ေနာက္ထပ္ထိပ္တိုက္ေတြ႕မႈေတြ ပဋိပကၡေတြ ႀကဳံလာႏိုင္စရာရွိတယ္လို႔လည္း သူက သုံးသပ္ပါတယ္။

ဟသၤာတၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးတင့္ေဇာ္ကလည္း ကိုဗစ္ကာလအေရးေပၚျပဌာန္းထားတဲ့ ဥပေဒေတြကို ခ်ိဳးေဖါက္ၿပီး လူရာေထာင္ခ်ီၿပီး အင္အားျပေနတဲ့ ပါတီဝန္းရံသူေတြကို အေရးယူလို႔ မျဖစ္ဘူးလို႔ ေျပာပါတယ္ ။
တစ္ႏိုင္ငံလုံးမွာ အခုလိုေတြျဖစ္ေနတာေတြကို ကြၽန္ေတာ့္ၿမိဳ႕နယ္ကမွ ခြၽန္ၿပီးအေရးယူလို႔ ဘယ္ျဖစ္ပါ့မလဲလို႔ သူက ခပ္ေလးေလး ေျပာပါတယ္ ။

(နိဂုံး)
ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရးကာလဟာ ရက္ေပါင္း ၂၀ ေက်ာ္ က်န္ရွိေနပါေသးတယ္ ။ လမ္းေပၚမွာေတာ့ ပါတီအလံေတြ တလူလူလႊင့္ၿပီး ပါတီဝန္းရံသူေတြက ေန႔စဥ္နဲ႔အမွ်သြားလာေနၾကစဲပါ။

အဲဒီလိုသြားလာေနခ်ိန္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွာ ကိုဗစ္ေရာဂါကူးစက္ခံရၿပီး ေသဆုံးသူ တစ္ဦးမွ် မရွိေသးေပမယ့္ ပါတီဝန္းရံကပ္ေရာဂါကေနတဆင့္ လူငယ္တစ္ဦး ေသဆုံးသြားခဲ့ရၿပီ ျဖစ္ပါတယ္။

ကပ္ေရာဂါကာလမွာ ကိန္းဂဏန္းေတြဟာ လူေတြအတြက္ စိတ္ပိုင္းဆိုင္ရာ သြင္းဂိုးေတြပါပဲ။
ေနေပ်ာ္စရာေကာင္းတဲ့ လူ႔အဖြဲ႕အစည္းျဖစ္ဖို႔ ၊ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံတဲ့ လူ႔အဖြဲ႕အစည္းျဖစ္ဖို႔ ဂိုးမ်ားမ်ားအသြင္းမခံရဖို႔ လိုမယ္မဟုတ္လား။

ဤဆောင်းပါးသည် ဆောင်းပါးရှင် စိုးရ၏ အာဘော်သာ ဖြစ်သည်။