ခေတ်သစ်ငဘတို့၏သောက

၁၊မေလ။

ငဘဝတ္ထု ဟာဆရာမောင်ထင်ရဲ့လက်ရာဖြစ်ပါ
တယ်။ဆရာဟာ ဧရာဝတီတိုင်းလပွတ္တာမြို့သား
ဖြစ်တဲ့အတွက် အဖိနှိပ်ခံလယ်သမားများရဲ့ဘဝ
ကို ငဘဝတ္တုမှာ ကွင်းကွင်းကွက်ကွက်ပေါ်လွင်
အောင်ရေးသားနိုင်ခဲ့ပါတယ်။
ငဘဝတ္ထုဟာ မြန်မာ့ကျေးလက်တောင်သူလယ်
သမားများရဲ့ဘဝကို သရုပ်ဖော်ထားခြင်းဖြစ်ကာ ဒုတိယကမ္ဘာစစ်ကာလအတွင်း နယ်ချဲ့နှင့် ဖက်ဆစ်တို့ရဲ့ နှိပ်စက်ခံကျေးလက်ပြည်သူများရဲ့ဘဝ ကို သရုပ်ဖော်ထားတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး နဲ့လွတ်လပ်ရေး အတွက် ရုန်းကန်လှုပ်ရှားကြပုံများကို ထင်ဟပ်ဖော်ပြထားတဲ့ဝတ္ထုဖြစ်ပါတယ်။ငဘဝတ္ထု ကို
၁၉၄၇ခုနှစ်မှာထုတ်ဝေခဲ့ပြီး တရုတ်၊ရှရှား၊အိန္ဒိ
ယ၊ဂျပန်ဘာသာများနဲ့လည်း ပြန်ဆိုထုတ်ဝေခဲ့
ပါတယ်။၁၉၆၁ခုနှစ်မှာ ဒါရိုက်တာဦးချစ်ခင်က   ငဘရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပါတယ်။
ဆရာမောင်ထင်ရဲ့ငဘဟာနှစ်ပေါင်း၈၀နီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ အဖိနှိပ်ခံနင်းပြားလူတန်းစား
ငဘလို တောင်သူလယ်သမားဘဝ တွေဟာယခု
ချိန်ထိ မြန်မာနိုင်ငံမှာရှိနေဆဲပါ။
နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်တိုက်ဖျက်ရေးပြီး
တဲ့နောက် လွတ်လပ်ရေးနဲ့အတူကြီးထွားလာတဲ့
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရာမှာ ငဘတို့လည်းနင်းပြားဘဝနဲ့ ရှင်သန်နေရဆဲပါ။
   ရွာတွေစစ်ကြောင်းထိုး၊အိမ်ရာတွေမီးရှို့၊လူသတ်၊ဓားပြတိုက်တဲ့ ခေတ်ဟောင်းဖြတ်လေးဖြတ်ဗျူဟာနဲ့ ဂျပန်ခေတ်ကဖက်ဆစ်ဝါဒလို
ဆက်သွားနေရင်တော့  ပြည်သူကနာကျင်မှာသာ
ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေပြုပါတယ်။ရှမ်းမြောက်ကနေ ဖရဲသီး၊သရက်သီးကအစစိုက်ပျိုးသီးနှံများစွာ တရုတ်ပြည်ပို့ပါတယ်။
အဓိက ဆန်နဲ့ပဲ ပြောင်းနိုင်ငံတကာပို့ပါတယ်။
စိုက်ပျိုးရေးဟာ ပင်မသွေးကြောဖြစ်ပေမဲ့
ဓာတ်မြေဩဇာကအစ ပိုးသတ်ဆေးအထိပြည်ပသွင်းကုန် အားကိုးရပြန်ပါတယ်။ပြည်ပ
သွင်းကုန်တွေကို စိုက်ပျိုးရေးကုမ္ပဏီကြီးတွေက
လက်ဝါးကြီးအုပ်ထားပြီး နယ်ကိုယ်စားလှယ်
အဖြစ် နယ်ဓနရှင်တွေကို ဝေစုပေးရောင်းချစေပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဧရာဝတီတိုင်းအတွင်းက
စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင် ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ပင်မကုမ္ပဏီတွေရဲ့စပွန်စာနဲ့
ဂျာမဏီ၊ဩစတေးလျှ၊ဂျပန်၊ထိုင်းနိုင်ငံတို့ဆီ
အလည်အပတ်ထွက်ခွင့်ရကြပါတယ်။
တနှစ်အတွင်း ကျပ်သိန်းဘယ်နှထောင်ဖိုး၊ဘယ်နှသောင်းဖိုးရောင်းရတဲ့အပေါ်မူတည်ပြီး နိုင်ငံအလိုက်‌သွားရောက်ဇိမ်ခံရတာပါ။
ကျွန်ပ်တို့ ငဘတို့မှာတော့ အမတော်ကြေးလေး
မစို့မပို့ချေးလိုက်၊ ထွန်စက်ထောင်ထားတဲ့သူကို
မတန်တဆပေးလိုက်၊ဓာတ်မြေဩဇာနဲ့ ပိုးသတ်
ဆေးဘိုးပေးလိုက်နဲ့ အကြွေးပတ်ချာလည်ဝိုင်း
ပြီး‌ နောက်ဆုံးတော့ တလင်းထဲမှာ ထွန်ခြစ်နဲ့
ကောက်ဆွကျန်ခဲ့ရတဲ့ဘဝတွေပါ။
ဒါတင်ပီးပြီလား မပြီးသေးပါဘူး။ထွက်လာတဲ့
ဆန်စပါး ကောက်ပဲသီးနှံကိုဈေးနှိမ် အဝယ်ခံရတဲ့အပြင် ဟိုနယ်မြေမပို့ရ သည်နယ်မြေမရောင်း
ရဆိုတဲ့ ဖက်ဆစ်ဂိတ်တွေကရှိပါသေးတယ်။
ဒါတင်ပီးပြီလား မပြီးသေးပါဘူး။အရွယ်ရောက်
သားသမီးတွေ ပေါ်တာအဆွဲမခံရဖို့ ၊စစ်မှုထမ်း
မပါရဖို့ ဆက်ကြေးဝေစုတွေလည်းပေးရပါသေးတယ်။နင်းပြား ငဘတို့ကတော့ ဘာမှမပေးနိုင်တော့ ချစ်တီးလက်ထဲလယ်မြေထိုးအပ်ရသလို၊ဖက်ဆစ်ဂျပန်ရဲ့သေမင်းတမန်ရထားလမ်းဖောက်ရာဆီသားသမီးတွေထိုးအပ်ရသလို
မျက်ရည်ရွှဲလဲနဲ့ နေနေရတာပါဘဲ။
ဒါတင်ပီးပြီလား မပြီးသေးပါဘူး။ ရွာထဲစစ်ကြောင်းထိုး၊မီးရှို့၊ ပစ္စည်းယူ၊လူသတ်တော့
ရွာဦးကျောင်းမှာသွားခိုလှုံကြ၊ ရွာဦးကျောင်းပါ
ထပ်မံဗုံးကြဲပြန်တော့ တွံတေးသိန်းတန်ရဲ့ ဒီစနစ်
ဆိုးတေကိုကွယ် ကျောမွဲများအတွက်တိုက်ဖျက်ပစ်ရမယ်ဆိုတဲ့ သီချင်းကိုတောင်မဆိုနိုင်ဖြစ်ရပါတယ်။
ပြည်တွင်းစစ်ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို
တံခါးခေါက်ရုံမက ဧည့်ခန်းဝအထိရောက်လာပါပြီ။ နိုင်ငံ့ ဆန်အိုးကြီးရှိရာမှာ  အထုပ်အထည်နဲ့ရှိတဲ့ ဆန်ကုန်သည်၊စိုက်ပျိုးရေးအရောင်းဆိုင်ကုန်
သည်တွေကတော့ အချိန်တန်ရင် အထုပ်ကလေး
ပိုက်ပြီးသာသာယာယာထွက်သွားကြမှာပါ။
ခေတ်သစ် တောင်သူလယ်သမား နင်းပြား ငဘတို့ရဲ့သောကမှာဖြင့် မတွေးဝံ့စရာပါ။