နိဗ္ဗာန် ကနေ အင်္ဂပိုအထိ ခင်းမယ့် ကွန်ကရစ်လမ်းအခြေအနေ

၂၁ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ထဲက အင်္ဂပို- နိဗ္ဗာန်လမ်းကို ကွန်ကရစ်လမ်းခင်းပေးဖို့ အစီအစဉ် ရှိမရှိ ဒီနေ့ ဧရာဝတီတိုင်းလွှတ်တော်မှာ ဟင်္သာတအမှတ်(၂) ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး က မေးခွန်းမေးမြန်းခဲ့ပါတယ် ။ဒီလမ်းပိုင်းကို အသုံးပြုနိုင်အောင်အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် ပုသိမ်-ဟင်္သာတ-မြန်အောင် -ပြည် လမ်းကိုသွားတဲ့ အခါ ဟင်္သာတကို ဖြတ်စရာမလိုပဲ ၁၅ မိုင်လောက် သက်သာသွားမှာ ဖြစ်ပါတယ် ။