အိန္ဒိယ အာသံ ရိုင်ဖယ်တပ်ရင်းက ချင်း PDF လက်နက်များကို ဖမ်းဆီးနေဟု ဓာတ်ပုံအမှားအသုံးပြုပြီး ဝါဒဖြန့်သူများ သတင်းအမှားဖြန့်

13 March 2025 By MPA / DNA/The Red Flag
 
 
မဏိပူရဒေသတွင်း ပဋိပက္ခများစတင်လာပြီးနောက် ဒေသဆိုင်ရာအာဏာပိုင်တွေက စစ်သုံးယူနီဖောင်းတွေနဲ့ ကျည်ကာအင်္ကျီ ၊ လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့ ဓာတ်ပုံတွေကိုအသုံးပြီး အိန္ဒိယ အာသံ ရိုင်ဖယ်တပ်ရင်းက ချင်း PDF လက်နက်များကို ဖမ်းဆီးနေသည်ဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် မတ် ၇ ရက်က သတင်းအမှားများပျံ့နှံ့ခဲ့သည်။
 
Truth Media တယ်လီဂရမ်ချန်နယ်က မတ် ၇ ရက်နေ့ ညပိုင်းမှာယူနီဖောင်းဝတ်ထားသူများနဲ့လက်နက်၊ယူနီဖောင်းတွေပါတဲ့ ဓာတ်ပုံအချို့ကိုအသုံးပြုပြီး
“ အိန္ဒိယ အာသံ ရိုင်ဖယ်တပ်ရင်းက ချင်း PDF လက်နက်များကို ဖမ်းဆီးနေ” ဟုရေးသားဖြန့်ဝေထားသည်။
 
အဆိုပါရေးသားဖြန့်ဝေမှုကို မတ် ၁၂ ရက် ညပိုင်းအထိ ကြည့်ရှုသူ ၉၆၀၀ ကျော်ရှိပြီး like and react လုပ်သူ ၁၇၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြထားကြသည်။
 
သတင်းအမှားလင့်ခ်များ
Truth Mediahttps://shorturl.at/PXqwm
 
နေပြည်တော် https://archive.ph/o4gha
 
 
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
 
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည့်ဓာတ်ပုံများကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Northeast Now နှင့် NDTV နိုင်ငံခြားသတင်းဌာနများတွင် ‌ဖော်ပြထားသည့်ဓာတ်ပုံများနှင့် ကိုက်ညီသည်ကိုတွေ့ရသည်။
 
Northeast Now သတင်းမီဒီယာတွင် “ မဏိပူရ ဒေသအတွင်း ခွင့်ပြုချက်မရှိသော လက်နက်များနှင့်တွေ့ရှိခဲ့သူများကို ပြည်နယ်အာဏာပိုင်များ ကအရေးယူမှုပြုလုပ်မည်ဟု သတိပေးထားသည်” ဟု‌ရေးသားဖော်ပြထားသည်။
 
သတင်းမီဒီယာလင့်ခ်များ https://shorturl.at/Vabb3
 
 
NDTV သတင်းမီဒီယာတွင် “ မဏိပူရ ဒေသအတွင်း တရားမဝင် ကိုင်ဆောင်ထားသည့် လက်နက်များဖယ်ရှားခဲ့သည်။” ဟုရေးသားဖော်ပြထားသည်။
 
သတင်းမီဒီယာလင့်ခ်များ https://shorturl.at/i0IBc
 
 
ထပ်မံ၍ အတည်ပြုနိုင်ရန် “ Google တွင် မဏိပူရ တွင်လက်နက်များသိမ်းဆည်းရမိ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC ,People’s Spring သတင်းမီဒီယာတို့တွင်ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
 
BBC သတင်းမီဒီယာတွင် “ မြန်မာနယ်စပ်မှ လက်နက်များ အာသံရိုင်ဖယ်တပ် ဖမ်းမိကြောင်း၊ အင်ဒို-မြန်မာနယ်စပ် နာဂ ဂလန့်ပြည်နယ်၊မွန်ခရိုင်မှာ လက်နက်များကိုဖမ်းဆီးရမိကြောင်း” ရေးသားထားသည်။
 
People’s Spring သတင်းမီဒီယာတွင်” အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ် ရှိခွဲထွက်ရေးအင်အားများစုများတွင် မြန်မာထုတ်လက်နက်များ ရှာဖွေသိမ်းဆည်းရမှုများလာကြောင်း၊ မြန်မာဘက်က မှောင်ခိုတင်သွင်းလာသည့်ပစ္စည်းများဖြစ်ကြောင်း၊ မဏိပူရဒေသတွင်း ပဋိပက္ခများစတင်လာပြီးနောက် ဒေသဆိုင်ရာအာဏာပိုင်တွေက စစ်သုံးယူနီဖောင်းတွေ၊ ကျည်ကာအင်္ကျီတေွ အရေတွက်ရာချီ သိမ်းဆည်းရမိခဲ့ကြောင်း” ရေးသားဖော်ပြထားကြသည်။
 
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/V8Z7t
 
People’s Spring – https://shorturl.at/LdTXJ
 
 
 
သုံးသပ်ချက်
 
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ် ရှိခွဲထွက်ရေးအင်အားများစုများတွင် မြန်မာထုတ်လက်နက်များကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး မဏိပူရ ပြည်နယ် တွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်သူများကို အရေးယူသွားမည်ဖြစ်သည်ဟု ဓာတ်ပုံများနှင့်တကွ ‌ဖော်ပြထားသည်။
သိမ်းဆည်းရမိသည့်လက်နက်များကိုဖော်ပြရာတွင်ချင်း PDF ထံမှသိမ်းဆည်းရမိသည်ဟု ရေးသားဖော်ပြထားခြင်းမရှိပေ။
 
ထို့ကြောင့် ဓာတ်ပုံအမှားကို အသုံးပြုထားသည့် အိန္ဒိယ အာသံ ရိုင်ဖယ်တပ်ရင်းက ချင်း PDF လက်နက်များကို ဖမ်းဆီးနေဆိုသည့် သတင်းအကြောင်းအရာမှာ သတင်းအမှားအကြောင်းအရာဖြစ်သည်။