မန်လည်ရွာကိုPDFတွေစုဖွဲ့တဲ့နေရာဖြစ်လို့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်‌စီ‌‌ ထောက်ခံသူ‌တွေ ဝါဒဖြန့် 

ဖေဖော်ဝါရီ၊ ၂၄ရက် ၂၀၂၅

 

(Fact Check) DNA / MPA/ The Red Flag

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီက မန်လည်ရွာကို  PDFတွေစုဖွဲ့တဲ့နေရာဖြစ်လို့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီသတင်းအမှားကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen က ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူ၆ထောင်ကျော်၊ reaction ပြုလုပ်သူ ၁၅၀‌ကျော် ရှိပြီး ပြန်လည်မျှဝေသူ၆ယောက်ထိရှိပါတယ်။

ဒါ့အပြင် တခြားချန်နယ်တွေဖြစ်တဲ့ Ye Yint Htet (#yyh)၊ BMT ချန်နယ်တွေကပါပြန်လည်မျှဝေထားတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

သတင်းအမှားလင့်ခ်များ 

Snow Queen – https://archive.ph/wip/8Hmjl 

Ye Yint Htet (#yyh) – https://archive.ph/wip/f8tbP 

BMT – https://archive.ph/wip/WJlnx 

မိုးမြင့်ဂျူလိုင်ထက်  –https://archive.ph/wip/cc1hd 

 

အဲ့ဒီပျံ့နှံ့လာတဲ့သတင်းအမှားကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Fact Checkအဖွဲ့ကနေ ပူးပေါင်းစစ်ဆေးကြည့်ရာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုတွေရှိနေတယ်လို့ သိရပြီး မန်လည်ရွာက PDFတွေစုဖွဲ့တဲ့နေရာဖြစ်တဲ့ဆိုတာဟာ သတင်းအမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

 သတင်းစိစစ်ချက်

 

စစ်ကောင်စီက မနေ့က ဖေဖော်ဝါရီ ၂၃ရက်၊ မနက်နှစ်နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ မန်လည်ရွာကိုလေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၄ဦးထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ်၁၈လုံးပျက်ဆီးခဲ့တာပါ။

 

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ အဲ့ဒီမန်လည်ရွာပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိသလို၊ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေလည်း နေထိုင်တာမျိုးမရှိဘူးဆိုတဲ့အကြောင်းကို မြေလတ်အသံသတင်းဌာနကလည်းရေးသားထားပါတယ်။

 

 မြေလတ်အသံ – https://shorturl.at/Xt4Ab 

 

စစ်ကောင်စီက မန်လည်ရွာလည်ခေါင်ကို မနက်နှစ်နာရီမှာဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်မှာ အိပ်နေတဲ့ အသက်၅၇နှစ်ရွယ် ဦးနီထွန်း၊ ဒေါ်ဌေးရီနဲ့ ဒေါ်အေး(၄၇နှစ်)၊ ဒေါ်နှင်း (၄၂နှစ်) တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့အကြောင်း The Irrawaddy – Burmese Edition သတင်းဌာနက ရေးသားဖော် ပြထားပါတယ်။ 

 

The Irrawaddy – Burmese Edition –https://shorturl.at/MaOPH 

 

နွားထိုးကြီးမြို့နယ်၊ မန်လည်ရွာကိုလေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထန်ပင်ကာရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့အကြောင်း BBC Burmese ကသတင်းရေးသားထားပါတယ်။

BBC Burmese  – https://shorturl.at/uZ4l9 

 

 သတင်းသုံးသပ်ချက် 

 

စစ်ကောင်စီ အရပ်သားတွေနေထိုင်တဲ့ မန်လည်ရွာကိုလေကြောင်းအသုံးပြုပြီး ပေါင်၅၀၀ရှိတဲ့ဗုံးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်မှုရှိခဲ့ပါတယ်။

 

အဲ့ဒီအရပ်သားတွေထိခိုက်မှုကို ဖုံးကွယ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေစုဖွဲ့တဲ့နေရာဖြစ်တယ်လို့ လုပ်ကြံရေးသားထားတာဖြစ်လို့ သတင်းမှားဖြစ်တယ်လို့အတည်ပြုနိုင်ခဲ့ပါတယ်။

 

 ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းအတု/သတင်းအမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ MPA Fact Check အဖွဲ့တွေကိုလည်း Facebook page တွေကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork