ထုတ်ပြန်ချက်အတုကိုသုံးပြီး PDFပေါ်ပုံချတဲ့သတင်းမှား 

ဒီဇင်ဘာလ၊ ၂၇ရက်။

 

(Fact Check) DNA / The Red Flag

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရန်ပုံငွေ အတွက်လို့ ခေါင်းစဥ်တပ်ပြီး အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့ပုံစံနဲ့ ထုတ်ပြန်ချက်တခု လူမှု ကွန်ရက်စာမျက်နှာပေါ် မှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအယောင်ဆောင် ငွေကြေးလိမ်လည်တဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီ အားပေးထောက်ခံတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ ရွှေနေကြာကနေစတင် စတင်ဖြန့်ဝေထားပြီး  တခြား လော်ဘီချန်နယ်တွေကပါ မျှဝေထားကာ  ဒါကြောင့်ပြောခဲ့ကြတာကိုး PDFတွေဆိုတာ ကြာရင်ဓါးပြတွေဖြစ်လာမှာလို့” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားတာကြောင့် ပြန့်နှံ့မှုအားကောင်းနေတာပါ။

 

သတင်းမှားလင့်ခ် – 

ရွှေနေကြာ – https://archive.ph/RWxLl 

KO CHIT (MDY) – https://archive.ph/4lp1h 

Lashio Thar – https://archive.ph/xpPOK 

ဘညွန့် – https://archive.ph/uZ1fU 

MDY image – https://archive.ph/OylHm 

 

အဲ့ဒီပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ အချက်အလက် စိစစ်ကြည့်တဲ့အခါမှာ အဲ့ဒီထုတ်ပြန်ချက်မှာ ပါဝင်နေတဲ့ ဖုန်းနံပါတ်က စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာပါ အလားတူ ပိုက်ဆံကောက်ခံခဲ့တယ်ဆိုတာကို တွေ့ရပြီး ထုတ်ပြန်ချက်အတုဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ ပါတယ်။

 

☑️ သတင်းစိစစ်ချက်

 

DNA Fact Check အဖွဲ့ကနေ ပျံ့နှံ့နေတဲ့ ငွေကြေးကောက်ခံတဲ့ ထုတ်ပြန်စာရွက်ကို စစ်ဆေးကြည့်တဲ့အ ခါမှာ အဲ့ဒီထုတ်ပြန်ချက်ရဲ့ ငွေလွှဲနံမည်မှာပါတဲ့ ဖုန်းနံပါတ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၇ ရက်၊ ၂၀၂၃ မှာ ဖွင့်ထားခဲ့တဲ့ ငွေကြေးလိမ်လည်တဲ့ “ဖုန်း second ရောင်း/ ဝယ်”ဆိုတဲ့ Page ရဲ့ ဖုန်းနံပါတ်ဖြစ်တာကို သိရှိရပါတယ်။ 

 

အကောင့် Link – https://www.facebook.com/people/မွန်ငြိမ်းချမ်း-ကာကွယ်ရေးတပ်ဖွဲ့-Mon-Peace-Defence-Force-MPDF/61554539543532/?_rdr 

 

အကောင့်ပိုင်ရှင်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက် ၂၀၂၄ မှာ M26  Lamaing ၃ ဘီးကားအရောင်းပို့ကို တင်ထား ပြီး 09764559634 – Viber ဆိုတဲ့အကောင့်က တဆင့်ဆက်သွယ်ဝယ်ယူဖို့ ရေးသားထားတာကို တွေ့ခဲ့ရ ပြီး  ပေ့ဂျ်လင့်ခ်ကို စစ်ဆေးကြည့်ရာမှာ “မွန်ငြိမ်းချမ်း-ကာကွယ်ရေးတပ်ဖွဲ့ – Mon-Peace -Defence- Force-MPDF” စကားလုံးပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။

 

ပို့စ်လင့်ခ် – https://archive.ph/8ltft 

 

အလားတူ အဲ့ဒီငွေလွှဲဖုန်းနံပါတ်နဲ့ပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း တမူးမြို့မှာ တမူး ကာကွယ်ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ငွေကြေးကောက်ခံတာတွေရှိခဲ့ပြီး အဲ့ဒီလိုလုပ်ဆောင်တာက ပျူစောထီးတွေဖြစ်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောစကားနဲ့အတူ Mandalay Free Press – MFP ကရေး ထားတဲ့ သတင်းကိုလည်း ဒီနေရာမှာကြည့်နိုင်ပါတယ်။

 

Mandalay Free Press – MFP – https://shorturl.at/GsYAL 

 

အဲ့ဒီထုတ်ပြန်ချက်မှာပါတဲ့ စာတွေနဲ့ဖုန်းနံပတ်တွေပါတူတဲ့ ငွေတောင်းခံတဲ့ ထုတ်ပြန်စာကိုလည်း ရှမ်းပြည်နယ် လားရှိုးမှာပါ ဖြန့်ဝေထားတာကိုတွေ့ရပြီး ဒေသခံပြည်သူတဦးက ငွေကြေးခြိမ်းခြောက်စာကို သတိပြုဖို့ ဒီနိုဝင်ဘာလကပဲ သတိပေးတာမျိုး လူမှုကွန်ရက်မှာ ရေးသားထားပါသေးတယ်။

သတင်းလင့် –https://archive.ph/4RecQ 

 

ဒါ့အပြင် အခုလက်ရှိပျံ့နှံ့နေတဲ့စာအပေါ် TTA ပြောက်ကျားတပ် –  (တောင်သာ)ကလည်း အခုလက်ရှိ ပျံ့နှံ့ လာတဲ့ ငွေကြေးတောင်းခံတဲ့စာက နွေဦးတော်လှန်ရေးပုံရိပ်ကျဆင်းအောင် လုပ်ကြံရေးထားတဲ့စာဖြစ်ပြီး ငွေကြေးတောင်းခံတာမျိုးပြုလုပ်ခံရရင်လည်း လာရောက်မေးမြန်းစုံစမ်းဖို့လည်း ပြောထားပါတယ်။

 

TTA ပြောက်ကျားတပ် – (တောင်သာ) – https://shorturl.at/Sx4Lj 

 

☑️ သုံးသပ်ချက်

 

အခုလက်ရှိပျံ့နှံ့နေတဲ့ ငွေကြေးတောင်းခံရေးစာရွက်မှာပါတဲ့ ဖုန်းနံပါတ်ကို တိုက်ဆိုင်စစ်ဆေးခဲ့ပြီး တဲ့နောက် ငွေလွှဲအကောင့်ပိုင်ရှင်ရဲ့ နာမည်က Sai Htun Aung ဖြစ်တယ်ဆိုတာကိုတွေ့ရှိရပြီး အရင်က “မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့” အမည်နဲ့ Facebook Page ဖွင့်ထားတာကို တွေ့ရပါတယ်။

 

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၁၀ ရက် ၂၀၂၂ က စစ်ကောင်စီတပ် နဲ့ပူးပေါင်းပြီး ပြည်သူ့စစ်အဖွဲ့အဖြစ် ရပ်တည်မယ်လို့ ကြေညာခဲ့တဲ့ အဖွဲ့တခုဖြစ်တယ်လို့ သိရှိရပါတယ်။

သတင်းလင့်ခ် – https://shorturl.at/UtIGZ

 

စစ်ကောင်စီလော်ဘီချန်နယ်တွေ အနေနဲ့လည်း ပျံ့နှံ့လာတဲ့ အကြောင်းအရာအမှားတွေအပေါ် စစ်ဆေးတာမျိုးမပြုလုပ်ပဲ ထုတ်ပြန်ချက်အမှားတွေနဲ့ သတင်းမှားတွေကို ဖြန့်ဝေနေတာဖြစ်ပါတယ်။

 

ဒါ့ကြောင့် ပျံ့နှံ့လာတဲ့ထုတ်ပြန်ချက်က လုပ်ကြံရေးသားထားတဲ့ ထုတ်ပြန်ချက်တခုဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။ 

 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com) ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/ 

Fb – https://www.facebook.com/myanmarfactcheckingnetwork