ထားဝယ်ကမ်းနားက ဆီသိုလှောင်သင်္ဘော ဒုတိယအကြိမ် မီးထပ်လောင် October 19, 2024 ဒေသအလိုက် သတင်းကဏ္ဍ Photo Credit – Dawei Fire Service Department အောက်တိုဘာ၊ ၁၉ အလုပ်သမား ရှစ်ဦး သေဆုံးခဲ့ရတဲ့ မီးလောင်မှုဖြစ်ထားတဲ့ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြစ်ထဲက ဆီသိုလှောင်သင်္ဘော ဒေသအခေါ် ဆီဘောမှာ မနေ့ ညနေ လေးနာရီကျော်လောက်က မီးလောင်မှု ထပ်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ “ပေါက်ကွဲသံလည်း တချက်ကြားလိုက်သေးတယ်၊ ရှေ့တခေါက်လောက်ကတော့ မကြမ်းဘူး၊ လူတွေတော့ မထိခိုက်ဘူးကြားတယ်” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။ ထားဝယ်ခရိုင်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချနေတဲ့ မီချီလီကုမ္ပဏီပိုင် ဆီသိုလှောင်သင်္ဘောမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မိနစ်သုံးဆယ်ခန့်အကြာမှာတော့ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ကတော့ အဲဒီ ဆီ သိုလှောင်သင်္ဘောထဲရှိ ဆီအကျွင်းအ ကျန်အနည်းငယ် နေအပူရှိန်ကြောင့် အပူလွန်ကဲပြီး မီးပြန်လောင်တာလို့ ထုတ်ပြန်ထားပါတယ်။ အခုတခေါက် မီးလောင်မှုမှာတော့ သေဆုံးထိခိုက်တဲ့သူ မရှိဘူးလို့ သိရပါတယ်။ အဲဒီ ဆီသိုလှောင်သင်္ဘောပေါ်မှာပဲ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ပေါက်ကွဲမီးလှောင်မှုဖြစ်ခဲ့ပြီး အသက် ၁၇ နှစ်ကနေ ၂၄ နှစ်ကြားရှိ အလုပ်သမား အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ အဲဒီ ပထမအကြိမ်မီးလောင်မှုကတော့ ဘာလို့ မီးလောင်တာလဲဆိုတာ အတိအကျ မသိရပါဘူး။ ဆီသိုလှောင်သင်္ဘောထားဝယ်ဒုတိယအကြိမ်မီးလောင်
ဒေသအလိုက် သတင်းကဏ္ဍ ထားဝယ်ကမ်းနားမှာ ဆီသိုလှောင်ကန် မီးလောင်ပြီး လူသေဆုံးထိခိုက်မှုရှိ October 14, 2024 ဒေသအလိုက် သတင်းကဏ္ဍ အောက်တိုဘာ၊ ၁၄ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြစ်ကမ်းမှာ ကပ်ထားတဲ့ စက်သုံးဆီ သိုလှောင်တဲ့ကန် ဒေသအခေါ် ဆီဘောတခု ဒီကနေ့ ညနေ ၄ နာရီခွဲလောက်က မီးလောင်ပေါက်ကွဲသွားပြီး အလုပ်သမားတချို့ သေဆုံးထိခိုက်မှု ရှိတယ်လို့ မြို့ခံတွေဆီကနေ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ စစ်တပ်ဖမ်းသွားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ဒေသခံလေးဦး အလောင်းသာပြန်တွေ့ July 5, 2024 ဒေသအလိုက် သတင်းကဏ္ဍ Photo – Social Media ဇူလိုင်၊ ၅ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်၊ ခေါင်ပြန်ရွာက ရွာခံလေးဦး သတ်ဖြတ်ခံလိုက်ရပြီး ရုပ်အလောင်းတွေကို ခေါင်ပြန်ရွာ ချောင်းထဲတွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မောင်မယ်ရှောင်ကျေးရွာမှာ ကြံ့ဖွံ့ပါတီဝင်တစ်ဦး အပစ်ခံရ April 9, 2022 ဒေသအလိုက် သတင်းကဏ္ဍ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ ကြံ့ဖွံ့ပါတီဝင်တစ်ဦးဖြစ်သူ ဦးဆီဇာလွင် (ခ) ကိုဒန်းဂါးကို အမည်မသိ သေနတ်သမား ၂ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၉ရက်နေ့ ညနေ ၄နာရီလောက်မှာ ဦးဆီဇာလွင်ဟာ [ဆက်လက်ဖတ်ရှုရန်]