ဘန်ကောက်ကွန်ဒိုတခုမှာ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး

အောက်တိုဘာ ၊ ၁၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Rama IX ဧရိယာရှိ ကွန်ဒိုမီနီယံ ၁၂ လွှာကနေ အမျိုးသမီးတစ်ဦး အောက်တိုဘာ ၁၅ရက်နေ့ညက ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

အမျိုးသမီးရဲ့ အလောင်းကို ရမ်ခမ်းဟောင်လမ်းဆုံအနီးက အဆောက်အုံရဲ့ ပဉ္စမထပ် အများပြည်သူဧရိယာမှာ တွေ့ရှိခဲ့တယ်လို့ Ruam Katanyu Foundation ကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ခန့်မှန်းချေ အသက် ၂၀ကနေ ၃၀ ဝန်းကျင် ရှိတဲ့ သေဆုံးသူအမျိုးသမီးကိုတွေ့ချိန်မှာ အင်္ကျီကြယ်သီးတွေ ပြုတ်နေပြီး  အတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

ကနဦးစုံစမ်းစစ်ဆေးမှုအရ သေဆုံးသူအမျိုးသမီးက သူမရဲ့ချစ်သူနဲ့အတူ နေထိုင်တဲ့ ၁၂လွှာအခန်းကနေ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။ 

Ref: Bangkok Post