Photo – MNDAA
ဩဂုတ်၊ ၄
လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ဝမ်းသာဂုဏ်ယူကြောင်း KNU၊ KNPPနဲ့ CNF တို့က ဒီကနေ့ သဝဏ်လွှာပေးပို့ လိုက်ပါတယ်။
ဒီအောင်ပွဲဟာ စစ်ကောင်စီပြိုလဲရေးအတွက် မှတ်တိုင်တခုအဖြစ် အရေးပါတယ်လို့လည်း ကရင်အမျိုးသား အ စည်းအရုံး KNU၊ ကရင်နီတပ်မတော်KA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက် ရေးပါ တီ(KNPP)၊ချင်းအမျိုးသားတပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ CNF တို့ရဲ့ သဝဏ်လွှာမှာဖော်ပြပါတယ်။
ရမခကို သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ရေးအောင်မြင်မှုကတဆင့် စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်လိုအာဏာရှင် စနစ်ကိုမဆိုဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနဲ့ စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူ တကွ တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာမှာပါရှိပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ အောင်ပွဲတွေဆက်လက်ရရှိဖို့ ဆန္ဒပြုသလို KNPP၊KNUနဲ့ CNF တပ်ဖွဲ့ တွေအနေနဲ့လည်း အာဏာသိမ်းစစ်တပ်ပြိုလဲသည်အထိ ဟန်ချက်ညီ ဆက်လက်တိုက်ပွဲဝင်ဖို့ သံဋိဌာန်ပြု တယ် လို့လည်း ဆိုပါတယ်။
ရှမ်းမြောက် လားရှိုးမြို့မှာ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ တလကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ နောက် ရမခ ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီလို့ MNDAA ကမနေ့က ဓာတ်ပုံတွေနဲ့ တကွထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းမှာ ကိုးကန့်နဲ့ တအာင်းဒေသမြို့တွေကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီ ဟာ အခုတကြိမ်မှာလည်း ရမခဌာနချုပ်နဲ့လားရှိုးမြို့အပါအဝင် နောင်ချို၊မိုးကုတ်၊မိုးမိတ်မြို့နယ်တွေကို လက် လွှတ်ထားရသလို ကျောက်မဲမှာလည်း လက်ကျန်တပ်ရင်းနှစ်ခုနဲ့ ဆက်လက်ခုခံနေရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းမှာလည်း စဉ့်ကူးမြို့ကို MDY-PDF ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး မတ္တရာနဲ့ သပိတ် ကျင်းမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေလည်းသိမ်းပိုက်ခံထားရကာ လက်ရှိအထိ တိုက်ပွဲတွေဆက်ဖြစ်နေ ပါ တယ်။
ရမခ ဌာနချုပ်ရှိရာ လားရှိုးမြို့နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးသုံးခုခံ တိုက် ခိုက်တာအပြင် နည်းမျိုးစုံနဲ့ စစ်ကူတပ်တွေ စေလွှတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် အထိနာခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရမခ ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီလို့ MNDAA ဘက်က ထုတ်ပြန်ခဲ့ချိန်မှာ အပြင်းအထန် ငြင်းဆန်တုံ့ပြန်ခဲ့တဲ့ စစ်ကောင်စီဟာ မနေ့က အဲ့ဒီဌာနချုပ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းဝင် ရောက်နေကြတဲ့ ရုပ်သံနဲ့ဓာတ်ပုံတွေထွက်ပေါ်လာပြီးနောက် ဒီကနေ့အထိ နှုတ်ဆိတ်နေပါတယ်။