ဧရာဝတီပြည်နယ်တည်ထောင်ဖို့ကြွေးကြော်ချက်နဲ့ ကောင်စီတခုပေါ်ထွက်လာ

ဩဂုတ် ၊ ၁

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဖက်ဒရယ်အခြေခံမူတွေအရ ပြည်နယ်တခုဖွဲ့စည်းဖို့ ကြွေးကြော်ချက်နဲ့ ကောင်စီ တခုဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ကြေညာချက်ထွက်ပေါ်လာပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများ ပြည်နယ်ကောင်စီ(IDNSC)လို့အမည်ပေးထားတဲ့ အဲ့ဒီကောင်စီမှာ  မန်း ဖန်းရှောင်း ဆိုသူက ဥက္ကဌအဖြစ် တာဝန်ယူထားကာ မှိုင်းရာပြည့်၊ရှစ်လေးလုံးနဲ့ ၁၉၉၀ ကာလ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ ဦးအောင်စောဦးက ဒုတိယဥက္ကဌ(၁)အဖြစ် တာဝန်ယူထားတာတွေ့ရပါတယ်။

မန်းဖန်းရှောင်းလို့ နာမည်ခံထားတဲ့ IDNSC ဥက္ကဌဟာဧရာဝတီတိုင်းအခြေစိုက် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ် တယ်လို့ DNA က စုံစမ်းသိရပြီး ဦးအောင်စောဦးကတော့ ၁၉၉၂ခုနှစ်က မာနယ်ပလောမှာစတင်ဖွဲ့စည်းခဲ့တဲ့ ပြည် ထောင်စုမြန်မာနိုင်ငံကောင်စီ NCUB သဘာပတိအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ဖူးသလို NLD-LA အဖွဲ့ဝင်တဦးလည်း ဖြစ် ပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားကိုယ်စားပြုအဖြစ် ခိုင်မြတ်အောင်က ဒုဥက္ကဌ(၂)၊မှိုင်းရာပြည့်အရေးတော်ပုံမှာ မန္တလေး တက္ကသိုလ်ကနေ ပါဝင်ခဲ့တဲ့ ရဲဘော်အောင်မှိုင်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးမျိုးဆက်ဟောင်းတွေ၊ဧရာဝတီတိုင်းဒေသမှာ  အခြေပြု နေထိုင်ကြတဲ့ ကရင်နဲ့ ရခိုင်တိုင်းရင်းသားကိုယ်စားပြုနိုင်ငံရေးသမားတချို့၊နိုင်ငံရေးပါတီသုံးခုက ကိုယ်စားလှယ် တွေ၊CDM အင်အားစုကိုယ်စားလှယ် စသူတွေလည်း IDNSC မှာပါဝင်မယ်လို့သိရပါတယ်။

ခေတ်အဆက်ဆက် ဧရာဝတီတိုင်းအခြေစိုက် နိုင်ငံရေးအင်အားစုတွေနဲ့ဖွဲ့စည်းထားတဲ့ ဧရာဝတီနိုင်ငံရေးစုဖွဲ့မှု တရပ် ပေါ်ပေါက်ရေးလုပ်ငန်းကော်မတီရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ အထက်ပါကောင်စီကို ဖွဲ့စည်းခဲ့ကြ တာလို့ ဆိုပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများ ပြည်နယ်ကောင်စီအနေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနဲ့ညှိနှိုင်းရေးကော်မတီ(FCDCC)ရဲ့ ဖက်ဒရယ်အခြေခံဥပဒေ ဒုတိယမူကြမ်းကို ကြားကာလပြည် နယ်အခြေခံဥပဒေအဖြစ် လက်ခံကျင့်သုံးဆောင်ရွက်မယ်လို့ ကောင်စီဖွဲ့စည်းကြောင်းထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

အဲ့ဒီ ကောင်စီအနေနဲ့ မဟာလူမျိုးကြီးဝါဒ၊ဖက်ဆစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရ၊စစ်ဗျူရိုကရေစီယန္တရားတွေကို တိုက်ဖျက်ဖယ်ရှားမယ်လို့ ဆိုထားပေမယ့် ကောင်စီမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အင်အားစုတွေ ရှိ၊ မရှိဆိုတာကိုတော့ မသိရသေးပါဘူး။

အလားတူ အမျိုးသားညီညွတ်ရေး အစိုးရ NUG နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ IDNSC တို့ ချိတ်ဆက် ဆောင်ရွက်မှုအခြေအနေကိုလည်း ကောင်စီတာဝန်ရှိသူတွေကို DNAက ဆက်သွယ်မေးမြန်းထားပေမယ့် တုံ့ ပြန်ဖြေကြားတာတော့မရှိသေးပါဘူး။

၂၀၂၁ခုနှစစ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းအခြေစိုက် နိုင်ငံရေးသမားတွေ၊တက်ကြွလှုပ်ရှားသူတွေနဲ့ အာဏာသိမ်းမှုလက်မခံလိုသူတွေက စစ်ကောင်စီကို အစုအဖွဲ့အသီးသီးနဲ့ တော်လှန်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းကာလ သုံးနှစ်ခွဲလောက်ရှိလာချိန်လက်ရှိအထိ ဧရာဝတီဒေသတွင်းမှာတော့ တော်လှန် ရေးအင်အားစုတွေ ခြေကုပ်ယူနိုင်တဲ့အခြေအနေမရှိသေးပါဘူး။

အခု IDNSC ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်းကလည်း ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ(AYYSFC)အမည်နဲ့ အာဏာရှင်ဆန့်ကျင်ရေး အစုအဖွဲ့ကိုးခုပါဝင်ဖွဲ့စည်းထားတဲ့ ကောင်စီတရပ်ပေါ်ပေါက်ခဲ့ဖူးပေမယ့် တနှစ်နီးပါး အကြာ နိုဝင်ဘာ ၃၀ရက်မှာ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။