မြေပြင်အုပ်ချုပ်ရေးပြိုလဲတဲ့ဒေသတွေတိုးလာချိန် E-Government စနစ် ပိုတိုးတက်အောင် လုပ်ဖို့ စစ်ခေါင်း ဆောင် တွန်းအားပေး

ဇူလိုင် ၊ ၂၇

ရခိုင်၊ရှမ်းမြောက်၊ကချင်၊ချင်း စတဲ့ ဒေသတွေအပါအဝင် နိုင်ငံတဝှမ်း ဒေသအသီးသီးမှာ တော်လှန်ရေး အင်အားစု တွေရဲ့တိုက်ခိုက်မှုတွေကြောင့် မြေပြင်အုပ်ချုပ်ရေးယန္တရားပြိုလဲတဲ့ ဒေသတွေမြင့်တက်လာချိန်မှာ E – Government ဝန်ဆောင်မှုတွေ ပိုတိုးတက်လာအောင်ဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က တွန်းအားပေးပြော ဆိုလိုက်ပါတယ်။

E- Government ကိုအစိုးရရဲ့ မဟာဗျူဟာ စီမံကိန်းတွေနဲ့ လုပ်ငန်းတွေမှာ ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတည်ဆောက်ရေးနဲ့ စီမံခန့်ခွဲမှု၊အုပ်ချုပ်မှုတွေမှာ နည်းပညာရဲ့ အခန်းကဏ္ဍပိုမို ကျယ်ပြန့်လာစေပြီး ထင်သာမြင်သာရှိတဲ့ ရလဒ်ကောင်းတွေနဲ့ အချိန်တိုအတွင်း အကျိုးရှိ၊ထိရောက်တဲ့ အောင် မြင်မှုတွေရလာနိုင်တယ်လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက် E- Government ဦးဆောင်ကော်မတီရဲ့ပထမဆုံးအစည်းအဝေးကို မနေ့က နေပြည် တော်မှာ ပြု လုပ်ခဲ့ပြီး ကော်မတီ နာယက ဖြစ်တဲ့ စစ်ခေါင်းဆောင်လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ် ထား တဲ့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူခဲ့တဲ့ အဲ့ဒီကော်မတီမှာ အာ ဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က နာယကအဖြစ်တာဝန်ယူခဲ့ပြီး မနေ့ကတော့ ပထမဆုံးအကြိမ်အဖြစ်သူ ကိုယ်တိုင်တက်ရောက်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ဆန့်ကျင်တော်လှန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာလက်ရှိမှာ နွေဦး တော်လှန်ရေးအင်အားစုတွေ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကြောင့် တိုင်းနဲ့ ပြည်နယ်ရှစ်ခုက မြို့ပေါင်း ခုနစ်ဆယ်ကျော်ကို လက်လွှတ်ထားရသလို ကျေးလက်ဒေသအများအပြားကစိုးမိုးနယ် မြေတွေလည်းလျော့ကျလာနေပါတယ်။

အဲ့ဒီစစ်ရေးရလဒ်တွေကြောင့် ဒေသအလိုက် နယ်မြေတွေအပါအဝင် စစ်ကောင်စီရဲ့မြေပြင်အုပ်ချုပ်ရေးယန္တရားပြို လဲမှုမြင့်တက်လာချိန်မှာ E – Government စနစ်တွေပိုးတက်အောင်လုပ်ဆောင်ကြဖို့ လက်အောက်ခံ ဝန်ကြီးဌာန တွေကို စစ်ခေါင်းဆောင်က တွန်းအားပေးလာတာဖြစ်ပါတယ်။

Digital Economy နဲ့ Digital Government ကိုကူးပြောင်းခြင်းဟာ အုပ်ချုပ်မှုနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဖြစ်ပြီး အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ လုပ်ဆောင်မှုပုံစံတွေကို ခေတ်စနစ်နဲ့အညီမဆောင်ရွက်နိုင်ရင် ဝန် ဆောင်မှုအရည်အသွေးမပြည့်တာ၊ရန်ပုံငွေမလုံလောက်တာ၊အရင်းအမြစ်တွေနဲ့ စီးပွားရေး အခွင့်အလမ်းဆုံးရှုံး တာတွေ ဖြစ်လာနိုင်တယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။

ဒါ့အပြင် E – Government စနစ်အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ အွန်လိုင်းကနေ ဘဏ်လုပ်ငန်းတွေ ဆောင် ရွက်မှုမြင့်တက်လာချိန်မှာ သတင်းအချက်အလက်တွေလုံခြုံမှု၊ တရားဝင်အသုံးပြုမှုနဲ့ စစ်ဆေးခံနိုင်မှုတွေဟာ စိန်ခေါ်မှုတွေဖြစ်လာတယ်လို့လည်း သူကဆက်ပြောပါတယ်။

အရင်က မြန်မာနိုင်ငံမှာ E- Government Master Plan(2016-2020)ကိုရေးဆွဲခဲ့တာရှိပြီးအာဏာသိမ်းစစ်ကောင်စီက Myanmar e- Government Master Plan 2030 အဖြစ် မူကြမ်းတရပ်ထပ်မံပြင်ဆင်ရေးဆွဲခဲ့ပြီး မနေ့အစည်း အဝေးမှာ အဲ့ဒီမူကြမ်းနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆိုက်ဘာ လုံခြုံမှုကိုထိန်းကျောင်းနိုင်ဖို့အတွက် ညွန်ကြားချက်၊လုပ်ထုံးလုပ်နည်းတွေ ပြည့်စုံအောင်ပါ ဝင်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေတရပ်ရေးဆွဲနေတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

နည်းပညာတွေ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာတာကြောင့် အကျိုးကျေးဇူးတွေရှိနေသလို ဆိုက်ဘာတိုက် ခိုက်မှု၊ဆိုက်ဘာ ရာဇဝတ်မှုတွေသိသိသာသာမြင့်တက်လာပြီး အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘက်လုံခြုံ ရေးနဲ့ပတ်သက်တဲ့ အန္တရာယ်တွေပိုပြီးရင်ဆိုင်လာရတယ်လို့ သူကဆိုပါတယ်။