Photo – Southern YSO PDF
ဇူလိုင်၊ ၂၄
မကွေးတိုင်း ပခုက္ကူမြို့မှာ စစ်ကောင်စီဗိုလ်ကြီးတဦးကို ဒီကနေ့ ညနေပိုင်းက ဖမ်းမိခဲ့ပြီး လက်ရှိမှာ စစ်သုံ့ပန်း ဥပဒေတွေအတိုင်းထားရှိကာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသအခြေစိုက် Southern YSO PDFတပ်ဖွဲ့ တာ ဝန်ခံ ကိုအောင်မောင်းက DNAကိုပြောပါတယ်။
“လက်ရှိအခြေအနေကတော့ စုံစမ်းစစ်ဆေးမေးမြန်းဆဲဖြစ်ပါတယ်၊ကျွန်တော်တို့ဖမ်းမိပါပြီဆိုတဲ့နောက်တော့ ရိုက် လည်းမရိုက်တော့ဘူး၊အေးအေးဆေးဆေးကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်”လို့ သူကပြောပါတယ်။
ဖမ်းမိထားသူဟာ အမှတ်(၂၃) ကုတင်(၂၅)ဆန့် စစ်ဆေးရုံမှာ တပ်ရေး/တပ်ထောက်အဖြစ် လက်ရှိတာဝန် ထမ်းနေ တဲ့ စစ်မှုထမ်းသက် ၂၄နှစ်ရှိ ဗိုလ်ကြီးဝင်းဇော်ဆိုသူဖြစ်တယ်လို့ Southern YSO PDFတပ်ဖွဲ့ကထု တ်ပြန်ထားပါ တယ်။
ဗိုလ်ကြီးဝင်းဇော်ဟာ ဗထူးဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၁၁၂ သင်တန်းဆင်းတဦးဖြစ်ပြီး ပခုက္ကူမြို့ကို ခွင့်နဲ့ ပြန်လာချိန် KTV ကအပြန် ပစ္စတိုသေနတ်လည်းပါလာတယ်ဆိုတဲ့ သ တင်းအရ ဒီကနေ့ ညနေ သုံးနာရီလောက် မှာ ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါပေမယ့် Southern YSO PDFတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ စစ်ကောင်စီဗိုလ်ကြီးဆီက သိမ်းဆည်းရမိ ပစ္စည်း စာ ရင်းမှာတော့ လက်နက်ပါဝင်တာမတွေ့ရပါဘူး။သူ့ဆီကနေ ငွေသား ကျပ်ခြောက်သိန်းကျော်၊ ဆိုင်ကယ်တစီး၊ ဖုန်း နှစ်လုံး၊မှတ်ပုံတင်နဲ့ လစာထုတ်ယူဖို့ အသုံးပြုတဲ့ အင်းဝဘဏ်ကဒ်တခုအပါအဝင်အသုံးအဆောင်တချို့သိမ်း ဆည်းရမိတယ်လို့ ဆိုပါတယ်။
လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးရင်တော့ အဲ့ဒီစစ်ကောင်စီဗိုလ်ကြီးကို သက်ဆိုင်တဲ့ အဆင့်ဆင့်ဆီ လွှဲပြောင်းပေး အပ်မယ်လို့ Southern YSO PDFတပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပါတယ်။
“စုံစမ်းစစ်ဆေးစရာကိစ္စလေးတွေကလည်းရှိတယ်၊ဒါတွေပြီးရင်တော့ သက်ဆိုင်ရာ အဆင့်ဆင့်ကို ကျွန်တော်တို့ သုံ့ပန်းအနေနဲ့အပ်ရမှာပေါ့”လို့သူက ရှင်းပြပါတယ်။