ဌာနရွေ့ပြောင်းခံရဖူးပြီး NUG ကအမည်ပျက်စာရင်းသွင်းထားတဲ့ အခွန်ဦးစီးဌာနညွှန်ချုပ် စစ်ကောင်စီ ဒုဝန်ကြီး ဖြစ်လာ

Photo – Google

ဇူလိုင် ၊ ၆

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဌာန(NRPC)ကို ဌာနရွှေ့ပြောင်းခံရဖူးတဲ့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကို စစ်ကောင်စီက စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝင်းရှိန်၊ဒုတိယဝန်ကြီးအဖြစ် ဒေါ်သန်းသန်းလင်းတို့ကို အာဏာသိမ်းအပြီး ၂၀၂၁ ခု နှစ်ကတည်းက မပြောင်းမလဲခန့်အပ်ထားတဲ့ စစ်ကောင်စီဟာ အခွန်အကောက်ဆိုင်ရာကိစ္စတွေကျွမ်းကျင်တဲ့  ဦးမင်းထွဋ်ကို ဇူလိုင် ၄ရက်မှာ ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီဒုဝန်ကြီးဖြစ်လာတဲ့ ဦးမင်းထွဋ်ဟာ အခွန်အကောက်ကိစ္စတွေအပြင် အောင်ဘာလေထီ လည်ပတ်မှု ကိုပါ ကိုင်တွယ်ရတဲ့ ပြည်တွင်းအခွန်များဦးစီးဌာန ညွန်ချုပ်အဖြစ် ဆယ်စုနှစ်တခုကျော်ကြာ တာဝန်ယူခဲ့သူဖြစ်ပါ တယ်။

NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ဦးမင်းထွဋ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်း ချမ်းရေးဌာန(NRPC)ညွှန်ကြားရေးမှူးအဖြစ် ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့ပြီး သူ့နေရာကိုတော့ သမ္မတ ရုံး ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦးက ပူးတွဲတာဝန်ယူခဲ့ပါတယ်။

အဲ့ဒီလိုဌာနပြောင်းရွှေ့စေတာဟာ “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာကိစ္စတွေနဲ့သက်ဆိုင်ပါတယ်”လို့ အဲ့ဒီအချိန်က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကိုပြောခဲ့ပေမယ့် အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းမသိရပါဘူး။

NLD အစိုးရက ဌာနပြောင်းခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ ဦးမင်းထွဋ်ဟာပြည်တွင်း အ ခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပြန်ယူခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် ဦးမင်းထွဋ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUGက အမည်ပျက်စာရင်းသွင်း၊ထုတ်ပယ်ကြောင်း ကြေ ညာခံထားရသူတဦးလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ၂၀၂၁ခုနှစ် ဩဂုတ်လ အတွင်းထုတ်ပြန်တဲ့ အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်ကကထုတ်ပယ်လိုက်သူတွေစာရင်းမှာ ဦးမင်းထွဋ် ကိုလည်း အခွန်ဦးစီးဌာနညွန်ချုပ်အဖြစ်ဖော်ပြထားတာတွေ့ရပါတယ်။

အဲ့ဒီကြေညာချက်အရ အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ် ထုတ်ပယ်ခံရသူတွေဟာ စစ်ကောင်စီ လက် အောက်မှာဆက်လက်တာဝန်ထမ်းဆောင်တဲ့အပြင် CDMဝန်ထမ်းတွေကို ခြိမ်းခြောက်တာ ၊ရာထူးကထုတ်ပယ် တာ၊ဝန်ထမ်းအဖြစ်ကထုတ်ပယ်တာ၊တရားစွဲဆိုတာ စတဲ့နည်းလမ်းတွေနဲ့ဖိနှိပ်နေသူတွေဖြစ်တယ်လို့လည်း NUG စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကဖော်ပြခဲ့ပါတယ်။

ဗိုလ်မှူးအဆင့် စစ်တပ်အရာရှိဟောင်းတဦးဖြစ်တဲ့ ဦးမင်းထွဋ်ဟာ နအဖ စစ်အစိုးရလက်ထက် ဘဏ္ဍာရေး ဝန်ကြီး ဗိုလ်ချုပ်လှထွန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၃ခုနှစ်မှာတော့ ပြည် တွင်းအခွန် များဦးစီးဌာန ညွန်ကြားရေးမှူးချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီကအခွန်ကောက်ခံမှုတွေကို တိုးမြှင့်ကြပ်မတ်နိုင်ဖို့ ပြင်ဆင်မှုတွေလုပ်လာချိန် အခွန် အကောင်ဆိုင်ရာ ကိစ္စတွေကျွမ်းကျင်တဲ့ ဦးမင်းထွဋ်ကို ဒုဝန်ကြီးအဖြစ် ခန့်အပ်ပြီး စီမံ၊ဘဏ္ဍာဝန်ကြီးဌာန ခေါင်း ဆောင်ပိုင်းက အင်အားတိုးချဲ့လာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အခွန်တိမ်းရှောင်သူတွေကို ရဲအရေးပိုင်မှုအဖြစ်သတ်မှတ်ပြီး ရဲစခန်းမှာ တိုက်ရိုက်အမှုဖွင့်အရေးယူဖို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းကမှ ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်အရ အခွန်ဆောင်ရမယ်ဆိုတာကိုသိလျက်နဲ့ ရှောင်တိမ်းတာ၊ရပိုင်ခွင့်မရှိတဲ့ အခွန်ပြန်အမ်းငွေ တောင်းခံတာတွေကို အခွန်တိမ်းရှောင်မှုအဖြစ်သတ်မှတ်ပြီး ရဲအရေးပိုင်တဲ့အမှုအဖြစ် သတ်မှတ်မယ်လို့ စစ် ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၃ရက်မှာ ထုတ်ပြန်ထားပါတယ်။