Kingsrich Myanmarအထည်ချုပ်စက်ရုံလုပ်သားတွေလုပ်ခတိုးပေးရေးတောင်းဆိုမှု ပြေလည်

Photo – ပေးပို့

ဇွန်၊ ၁၀

ရွှေပြည်သာမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Kingsrich Myanmar Fashionအထည်ချုပ်စက်ရုံကအလုပ် သမားတွေကလုပ်အားခတိုးပေးဖို့ စက်ရုံအတွင်း ဒီကနေ့သပိတ်မှောက်တောင်းဆိုမှုနှစ်ဖက်ညှိနှိုင်းပြေလည်ခဲ့တယ်လို့အဲဒီအလုပ်သမားတွေဆီကသိရပါတယ်။

အဲဒီစက်ရုံလုပ်သားတွေဟာ လုပ်ခတိုးမြှင့်ပေးဖို့အတွက် ဒီနေ့မနက်မှာစက်ရုံအတွင်းမီးပိတ်ပြီး အလုပ်မလုပ်ဘဲ သပိတ်မှောက်တောင်းဆိုခဲ့ကြတာပါ။

တောင်းဆိုမှုတွေနဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေကိုယ်စား စူပါ၊လီဒါတွေနဲ့ညှိနှိုင်းကာလုပ်ခတိုးပေးဖို့သဘောတူခဲ့တာလို့ အလုပ်သမားတဦးကပြောပါတယ်။

“ညှိနိူင်းမှုပြေလည်ပြီးတော့အလုပ်သမားတွေကိုပြန်လွှတ်လိုက်တယ်။သ​ဘောတူလက်မှတ်ထိုးလိုက်တာမျိုး​တော့မရှိဘူး​ပြောတယ်။ တကယ်တိုးပေးမပေးကတော့လစာထုတ်မှသိရမယ်”လို့ သူကပြောပါတယ်။

အဲဒီစက်ရုံလုပ်သားတွေအနေနဲ့အရင်က တရက် ၄၈၀၀ကျပ်နဲ့ထောက်ပံ့ကြေး ၁၀၀၀ကျပ်ရရှိတာဖြစ်ပြီး ဒီနေ့ညှိနှိုင်းမှုအရ တရက် ၇၅၀၀ကျပ်၊အချိန်ပို တနာရီ ၂၀၀၀ ကျပ်ပေးဖို့သဘောတူညီခဲ့တာလို့ သိရပါတယ်။

စက်ရုံမှာဒီနေ့ မနက်ပိုင်းက အလုပ်သမားတွေသပိတ်မှောက်တောင်းဆိုနေချိန် စစ်တပ်နဲ့ရဲတွေရောက်ရှိလာပြီး မေးမြန်း၊မှတ်တမ်းယူတာတွေရှိခဲ့တယ်လို့လည်း အလုပ်သမားတွေဆီကသိရပါတယ်။

Kingsrich Myanmar Fashion အထည်ချုပ်စက်ရုံမှာနာမည်ကြီး H&Mအမှတ်တံဆိပ်အထည်တွေကိုချုပ်လုပ်နေတာဖြစ်ပြီးအလုပ်သမားတထောင်ကျော်နဲ့လည်ပတ်နေတာလို့ အလုပ်သမားတွေကဆိုပါတယ်။