ရိုဟင်ဂျာအပါအဝင် အလံဖြူထောင်လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဓါတ်ပုံ AA ခေါင်းဆောင်ထုတ်ပြန်

Photo.Twan Mrat Naing/AA Info Desk

မေ၊ ၆


ရခိုင်ဒေသတိုက်ပွဲအတွင်းအလံဖြူထောင်လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဓါတ်ပုံ၂ပုံကိုအာရက္ခတပ်တော် (AA ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒီကနေ့မှာ Twitter ခေါ် X လူမှုကွန်ရက်မှတဆင့်ထုတ်ပြန်ပါတယ်။

အဲဒီ ပုံနှစ်ပုံမှာစစ်ကောင်စီ တပ်ဖွဲ့ဝင်ရာနဲ့ချီအပြင်  လတ်တလောစစ်သင်တန်းပေးထားတယ်ယူဆရတဲ့ ရိုဟင်ဂျာတွေလည်းပါဝင်နေတာဖြစ်ပါတယ်။

ဓါတ်ပုံပါဒေသနဲ့ အကြောင်းအရာအသေးစိတ်ကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်သွင်းဖော်ပြထားတာမရှိပေမယ့်

ဘူးသီးတောင်ဒေသက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံတဲ့ပုံဖြစ်နိုင်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကခန့်မှန်းပြောဆိုပါတယ်။ ဘူးသီးတောင်မြို့နယ်ရှိစစ်ကောင်စီရဲ့အမှတ်၁၅စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်

စကခ (၁၅)ကို AAက မေလ (၂) ရက်နေ့မှာသိမ်းပိုက်ထားပါတယ်။

အလံဖြူကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတဦးအပါအဝင်အထက်ပါ ဓါတ်ပုံ၂ပုံနဲ့ဆက်စပ်လို့တော့AA စစ်ဦးစီးချုပ်က

” ရဲရဲတောက် ဒို့ ဘင်္ဂလီတွေ သတ္တိခဲတွေ ရာဇဝင် ထွန်းလောက်အောင် စွမ်းတယ် ဒို့တိုင်း ဒို့ပြည် လွတ်လပ်ရေးကို အာဇာနည်သွေးတွေ အရိုးကြေကြေ ဒို့ပြည် ဒို့မြေ ခေတ်ဆွေးကိုပြောင်းပြန် ခေတ်သစ်ကိုစီမံ လွတ်လပ်ဖို့ အဓိဌာန် ညီစေနော် ဒို့ရဲဘော် ချီတက်ကြစို့ တူပျော်ပျော် ဘယ် — ညာ — ဘယ် — ညာ ” လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ရခိုင်တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေကိုအသုံးပြုတာမရှိဘူးလို့ ငြင်းဆိုထားတာကြောင့်

သက်သေပြတဲ့အနေနဲ့ Twitterလိုလူမူကွန်ရက်ကနေ နိုင်ငံတကာကို ထုတ်ပြလိုက်တာလို့လည်း သုံးသပ်ကြပါတယ်။

“စစ်တပ်ကဗြောင်လိမ်နေတာကိုနိုင်ငံတကာသိအောင်လုပ်တာပဲမြင်တယ်”လို့အထက်ပါသတင်းရင်းမြစ်ကမှတ်ချက်ပြုပါတယ်။ ဒါ့အပြင် AAသတင်းနဲ့ပြန်ကြားရေးကလည်းဘူးသီးတောင် စကခ (၁၅)မှဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တပ်မိသားစုဝင်တွေထောင်ဂဏန်းမေလ (၄) ရက်နေ့က လက်နက်ချအညံ့ခံခဲ့တဲ့ရုပ်သံဖိုင်ကိုဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင် ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လုံချည်နဲ့ပုခက်ပြုလုပ်သယ်ဆောင်နေတာကိူလည်းတွေ့ရပါတယ်။

အာရက္ခတပ်တော်မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်သား ထောင်ချီလက်နက်ချ ခဲ့တယ်လို့AAထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။