ကမ္ဘာပေါ်မှာ နေ့စဉ် အသက်ငါးနှစ်အောက် ကလေးငယ်အယောက် တစ်သောင်းခွဲကျော် သေဆုံးနေ

၁၈ ေအာက္တိုဘာ ၂၀၁၉

ကမာၻေပၚမွာ ေန႕စဥ္ေန႕တိုင္း အသက္ ငါးႏွစ္ေအာက္ ကေလးငယ္ အေယာက္တစ္ေသာင္းခြဲေက်ာ္ ေသဆုံးေနၾကရ တယ္လို႔ ေအာက္တိုဘာ ၁၆ရက္ေန႔က ထုတ္ျပန္လိုက္တဲ့ Nature ဂ်ာနယ္က ေလ့လာေတြ႕ရွိခ်က္အရ သိရပါတယ္။

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ေဆးတကၠသိုလ္ရဲ႕ Institute for Health Metrics and Evaluation (IHME) အဖြဲ႕က စစ္တမ္းေကာက္ေလ့လာခ်က္အရ ၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ဝင္ေငြနည္းနဲ႔ႏိုင္ငံနဲ႕ဝင္ေငြအလယ္လတ္ရွိတဲ့ ႏိုင္ငံေပါင္း ၉၉ႏိုင္ငံမွာ ကေလးငယ္ေပါင္း ၁၂၃ သန္းေသဆုံးခဲ့တယ္လို႔ ေဖာ္ျပပါတယ္။

၂၀၁၈ခုႏွစ္အတြက္ ကနဦး အခ်က္အလက္ေတြအရ ကမာၻ႕ႏိုင္ငံေတြမွာ အသက္ ၅ႏွစ္ေအာက္ ကေလးငယ္ ခန္႔မွန္းေျခ အေယာက္ သန္း၁၃၀ ေသဆုံးခဲ့တယ္လို႕ အဲဒီအဖြဲ႕က ေျပာပါတယ္။ ဒါေပမယ့္ အဲဒီေလ့လာမႈထဲမွာ တ႐ုတ္ ၊ မကၠဆီကို ၊ ဘရာဇီးနဲ႕ မေလးရွား စတဲ့ႏိုင္ငံေတြက အခ်က္အလက္ေတြေတာ့ မပါပါဘူး။

ကေလးငယ္ေတြ ေသဆုံးရတဲ့ အေၾကာင္းအရင္းကေတာ့ အသက္အလိုက္ ကြဲျပားပါတယ္။ အသက္တစ္ႏွစ္မတိုင္ခင္ ကေလးေတြဟာ လမေစ့ပဲ ေမြးလာတာေၾကာင့္ အမ်ားဆုံးေသဆုံးၾကတာပါ။ အသက္ ၂ႏွစ္ကေန ၄ႏွစ္အထိ ကေလးေတြကေတာ့ ငွက္ဖ်ား ၊ ဝမ္းပ်က္ဝမ္းေလ်ာနဲ႕ အဆုတ္ေရာင္ေရာဂါကဲ့သို႔ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြေၾကာင့္ ေသဆုံးၾကတာ ျဖစ္ပါတယ္။

Ref : asianews.it

[ Unicode ]

၁၈ အောက်တိုဘာ ၂၀၁၉

ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း အသက် ငါးနှစ်အောက် ကလေးငယ် အယောက်တစ်သောင်းခွဲကျော် သေဆုံးနေကြရ တယ်လို့ အောက်တိုဘာ ၁၆ရက်နေ့က ထုတ်ပြန်လိုက်တဲ့ Nature ဂျာနယ်က လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဆေးတက္ကသိုလ်ရဲ့ Institute for Health Metrics and Evaluation (IHME) အဖွဲ့က စစ်တမ်းကောက်လေ့လာချက်အရ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဝင်ငွေနည်းနဲ့နိုင်ငံနဲ့ဝင်ငွေအလယ်လတ်ရှိတဲ့ နိုင်ငံပေါင်း ၉၉နိုင်ငံမှာ ကလေးငယ်ပေါင်း ၁၂၃ သန်းသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၁၈ခုနှစ်အတွက် ကနဦး အချက်အလက်တွေအရ ကမ္ဘာ့နိုင်ငံတွေမှာ အသက် ၅နှစ်အောက် ကလေးငယ် ခန့်မှန်းခြေ အယောက် သန်း၁၃၀ သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် အဲဒီလေ့လာမှုထဲမှာ တရုတ် ၊ မက္ကဆီကို ၊ ဘရာဇီးနဲ့ မလေးရှား စတဲ့နိုင်ငံတွေက အချက်အလက်တွေတော့ မပါပါဘူး။

ကလေးငယ်တွေ သေဆုံးရတဲ့ အကြောင်းအရင်းကတော့ အသက်အလိုက် ကွဲပြားပါတယ်။ အသက်တစ်နှစ်မတိုင်ခင် ကလေးတွေဟာ လမစေ့ပဲ မွေးလာတာကြောင့် အများဆုံးသေဆုံးကြတာပါ။ အသက် ၂နှစ်ကနေ ၄နှစ်အထိ ကလေးတွေကတော့ ငှက်ဖျား ၊ ဝမ်းပျက်ဝမ်းလျောနဲ့ အဆုတ်ရောင်ရောဂါကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးကြတာ ဖြစ်ပါတယ်။

Ref : asianews.it