စစ်မှုထမ်းဂယက်ကြောင့်ထွက်စာတင်တဲ့ သံတွဲက အုပ်ချုပ်ရေးမှူးတွေထွက်ခွင့်မရ

ဧပြီ၊ ၁

ကျေးရွာအလိုက်စစ်မှုထမ်းရမယ့်လူစာရင်းတွေ အတင်းအဓမ္မကောက်ယူခိုင်းတယ်ဆိုကာ ထွက် စာတင်ထားခဲ့ကြတဲ့ သံတွဲမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ထွက်ခွင့်မပေးဘဲခြိမ်းခြောက်နေတယ်လို့နှုတ်ထွက်ထားသူတွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က DNAကိုပြောပါတယ်။ 

“စစ်တပ်က ခေါ်တွေ့ပြီးတော့ ထွက် ခွင့်မပေး ဘူးပြောတယ်၊ ထွက်ရင် ဘာဖြစ်သွားမလဲ ကြည့်နေ၊ ဖြစ်လာမယ့်ဟာကိုယ့်တာ၀န်ယူကြ၊ အဲလိုခြိမ်းခြောက်တယ်” လို့ သူကပြော ပါတယ်။

သံတွဲမြို့နယ်အတွင်းက ကျေးရွာအုပ် ချုပ် ရေး မှူးတွေဟာ စစ်မှုထမ်းရမယ့်လူစာရင်း ကောက် ယူမှုကြောင့် ရွာသားတွေ ရဲ့ အမြင်မကြည်တာ၊ ခြိမ်းခြောက်တာတွေကို ခံရတဲ့အတွက်ဆိုပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာ ထွက်စာတင် ခဲ့ကြတာပါ။

အဲဒီအုပ်ချုပ်‌ရေးမှုးတွေကို မတ်လ ၂၉ ရက်မှာ မြို့နယ်ထွေအုပ်ရုံးက ဆင့်ခေါ်ကာ စစ်ကောင် စီတပ်အရာရှိ ဗိုလ်မှူးအဆင့်ရှိသူက ခြိမ်း ခြောက်ခဲ့တာလို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိမှာ စစ်မှုထမ်းစာရင်းကောက်ယူတဲ့ အုပ် ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ ရှိနေတာကြောင့် နုတ်ထွက်ခွင့်မရတဲ့အတွက် စိုးရိမ်တယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူ တွေက ပြောကြပါတယ်။

“သံတွဲမှာ ရာအိမ်မှူး တယောက် အသတ်ခံ ထားရပြီ၊ ကိုယ်တိုင်ကလည်း မကောက်ပေး ချင်ကြဘူး၊ အခု စစ်ကောင်စီကလည်း ခြိမ်း ခြောက်နေတယ်၊ ဘယ်လိုမှ မလွတ်ဘူး” လို့ သံတွဲမြို့နယ်ကကျေးရွာအုပ်ချုပ်ရေးမှူးတဦးရဲ့ မိသားစု၀င်တဦးက ပြောပါတယ်။

သံတွဲမြို့နယ် ဒါ၀ကျေးရွာက ရာအိမ်မှုးဖြစ် သူဟာ မတ်လ ၂၁ ရက် နေ့လယ်ပိုင်းမှာ အမည် မသိလူတစုရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး စစ်မှု ထမ်းလူစာရင်းကောက်ယူနေတာနဲ့ ဆက်စပ်နေ တယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။

နိုင်ငံအဝှမ်း မြို့နဲ့ တပ်စခန်းတွေ လက် လွှတ် ရပြီး တိုက်ခိုက်ရေးအင်အား ဆုံးရှုံးမှုဆက် တိုက်ရှိနေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေကို အသက် သွင်းပြီး လူငယ်တွေကို တပ်သားစုဆောင်း၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေခဲ့တာပါ။

အဲဒီလိုစစ်မှုထမ်းဥပဒေအသက်သွင်းပြီးတဲ့နောက် သံတွဲအပါအဝင် စစ်ကောင်စီထိန်းချုပ်မှု အောက်မှာ ရှိသေးတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်တွေမှာလည်း တပ်သားစုဆောင်းဖို့ စာ ရင်းကောက်ယူတာတွေ လုပ်ခဲ့ပါတယ်။

လက်ရှိမှာ သံတွဲမြို့နယ်အတွင်းအတွင်း အ သက် ၂၄ နှစ်ကနေ အသက် ၃၀ အတွင်းရှိ လူငယ်တွေကို ပြည်သူ့စစ်အတွက်ဆိုကာ စာ ရင်းကောက်ယူထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တော င်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်းနဲ့ ပြည်နယ် မြောက်ပိုင်းရှိ စစ်တွေမြို့ပေါ်တို့မှာလည်း စစ်မှုထမ်းဖို့စာရင်းကောက်ယူတာတွေလုပ်နေပြီး ရှောင်ပြေးသူတွေရဲ့ မိသားစုတွေကို ဖမ်းဆီး၊ ထောင်ချမယ်ဆိုကာ ခြိမ်းခြောက်နေတယ်လို့ ဆိုကြပါတယ်။

“တရွာကို လူငါးဆယ်တောင်းတယ်၊ ရဲနဲ့ စစ် သားတွေကိုယ်တိုင် လာတောင်းတာ၊ စာရင်း မကောက်ပေးတဲ့ ဥက္ကဌတွေကိုလည်း သူတို့က ရန်ရှာတယ်၊ အခု တော်တော်များများ ရှောင်နေ ကြတယ်”လို့ မာန်အောင်မြို့နယ်က အသက်နှစ် ဆယ်ကျော်အရွယ် လူငယ်တဦးက ပြောပါ တယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပေဒကို ပြဌာန်းပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက်ရခိုင်လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့သလိုစစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိသေးတဲ့ ပြည်နယ်တောင်ပိုင်း မှာလည်း ဖမ်းဆီးမှုတွေ ဆက်လုပ်လာခဲ့တာပါ။

ရက္ခိုင့်တပ်တော်(AA)ကထိုးစစ်တွေ ဆက်တိုက် လုပ်နေပြီး မြို့တွေတခုပြီး တခုသိမ်းပိုက်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က အ ပြည့် အ၀ထိန်းချုပ်နိုင်သေးတဲ့မြို့နယ်ဟာ သံတွဲ၊ ဂွနဲ့ မာန်အောင်တို့ပဲ ကျန်တော့တာဖြစ်ပါတယ်။

ပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေအားလုံးနီးပါးကိုတော့ AA ကသိမ်းပိုက်ထားတာမို့ စစ် ကောင်စီရဲ့ စစ်မှုထမ်းဥပေဒအရ တပ်သား စု ဆောင်းမယ့်အစီအစဉ်တွေဟာ ထိရောက်မှုမရှိ တော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြ ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့နယ်တို့အတွင်းက ရိုဟင်ဂျာတထောင်နီးပါးကိုလည်း ဖမ်းဆီးစစ်သင်တန်းပေးနေပြီး စစ်တွေမြို့က ရိုဟင်ဂျာတွေကိုတော့ ရှေ့တန်းပို့စစ်တိုက်ခိုင်းနေပြီလို့ ဖမ်းဆီးခံရသူရိုဟင်ဂျာတွေရဲ့ မိသားစုဝင်တွေက ပြောထားကြပါတယ်။

AA ကတော့ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေကို ရရာနည်းလမ်းနဲ့ ရုံးထွက်ပြီး လွတ်မြောက်ရာနေရာတွေမှာ လာရောက်ခိုလှုံကြဖို့ အကြံပြု၊ ဖိတ်ခေါ်ထားပါတယ်။ အဲဒီလို လာရောက်ခိုလှုံသူတွေကို မိမိဆန္ဒမပါဘဲ အတင်းအကြပ်စစ်မှုထမ်းမှာခိုင်းမဟုတ်ဘဲ ဆန္ဒအလျောက် စစ်မှုထမ်းလိုရင်တော့ လက်ခံကြိုဆိုမယ်လို့ AA ပြောခွင့်ရ ဆိုထားပါတယ်။