မတ်၊ ၁
ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၁၀၀၀ (၁ ဘီလီယံ)လောက်ဟာ အဝလွန်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ခဲ့ပါတယ်။
တနည်းအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၈ ပုံ ၁ ပုံလောက်ဟာ ကျန်းမာရေးအရ သင့်တော်တဲ့ ကိုယ်အလေးချိန် အချိုးအစားထက် လွန်ကဲနေတဲ့ သဘောပါပဲ။ ဒါဟာ နောက်ဆက်တွဲ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖိတ်ခေါ်နေခြင်းလည်း ဖြစ်တယ်လို့ WHOက ဆိုပါတယ်။
နိုင်ငံတကာ သုတေသန အဖွဲ့အစည်းတွေဆီက အချက်အလက်တွေကို ဆန်းစစ် သုံးသပ်ပြီးတဲ့နောက် ကမ္ဘာ့လူဦးရေရဲ့ အဝလွန်မှု အချိုးအစား ကြေညာချက် အသစ်ကို WHOက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာ့နိုင်ငံ အများစုမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်တဲ့ ပြဿနာနဲ့ ယှဉ်ရင် အလွန်မှုက ပိုပြီး သိသိသာသာ ထင်ရှားတဲ့ စိန်ခေါ်မှု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ အရင်က အာဟာ မဖူလုံမှုလို ပြဿနာမျိုးတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဝင်ငွေနိမ့်နဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေမှာပါ အဝလွန်မှု ပြဿနာက ကြီးထွားလာနေတာပါ။
WHOရဲ့ စစ်တမ်းဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်က လူပေါင်း သန်း ၂၂၀ ကျော်ကို အခြေပြု ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံ ပြုစုထားတာ ဖြစ်ပါတယ်။
အတိတ်တုန်းကတော့ အဝလွန်မှု ဆိုတာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာသာ ကြုံရတဲ့ ပြဿနာအဖြစ် ထင်မှတ်ခဲ့ကြကြောင်း၊ တကယ်တမ်းကျတော့ အဝလွန်မှုဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာ ဖြစ်လာကြောင်း WHOက ဆိုပါတယ်။
၁၉၉၀ ပြည့်နှစ်နဲ့ယှဉ်ရင် ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ အဝလွန်မှု အချိုးအစားဟာ နှစ်ဆ မြင့်တက်လာတာဖြစ်ပြီး လက်ရှိ ကြုံနေတဲ့ အဝလွန်မှုတွေရဲ့ လေးပုံတပုံကျော်ဟာ အသက် ၅ နှစ်နဲ့ ၁၉ နှစ်ကြား ကလေးတွေမှာလို့လည်း သိရပါတယ်။
Ref: CNA