ဆေးရုံတက်နေရပြန်တဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ

ဖေဖော်ဝါရီ၊ ၁၄

မလေးရှားရဲ့ သက်တော်ရှည် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ နောက်တကြိမ် ဆေးရုံတက်နေရကြောင်း သိရပါတယ်။

 အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ မဟာသီယာဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တရားရုံး ကြားနာမှု တခုနဲ့ လွဲချော်ခဲ့တာဟာ ကျန်းမာရေး အခြေအနေကြောင့် ဖြစ်တယ်လို့ သူ့ရဲ့ ရုံးက ကြေညာပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မဟာသီယာဟာ ဆေးရုံ တက်လိုက်၊ ဆင်းလိုက်နဲ့ လုံးလည်ချာလည် လိုက်နေခဲ့ပါတယ်။

မဟာသီယာဟာ နှလုံးပြဿနာတွေ ရှိနေပြီး ခွဲစိတ် ကုသမှုတွေလည်း ခံယူခဲ့ရဖူးပါတယ်။ သူဟာ မူလက ဒုတိယ ဝန်ကြီးချုပ် အာမက် ဇာဟစ်ဒ် ဟာမစ်ဒီအပေါ် တင်ထားတဲ့ သူ့ရဲ့ စွဲချက်အတွက် တရားရုံးကို သွားရောက်ဖို့ ရှိခဲ့ပေမယ့်လည်း ဆေးရုံတက်နေရလို့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဟာမစ်ဒီဟာ မဟာသီယာရဲ့ မျိုးရိုးဇာတိကို မေးခွန်းထုတ်ပြီး လူမျိုးရေး ခွဲခြားတဲ့ မှတ်ချက်တွေ ပြောဆို အပုပ်ချခဲ့ဖူးကြောင်း စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတာပါ။

မဟာသီယာရဲ့ ကျန်းမာရေး အခြေအနေအရ တရားခွင်ကို ရွှေ့ဆိုင်းပေးဖို့ သူ့ရဲ့ ရှေ့နေတွေက လျှောက်လဲခဲ့တဲ့နောက် တရားသူကြီးက ရုံးချိန်းကို ဇူလိုင် ၁၉ ရက်ဆီ ရွှေပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

မဟာသီယာဟာ ဝန်ကြီးချုပ် တာဝန်ကို ၂၂ နှစ်ကြာ ထမ်းဆောင်ပြီး ၂၀၀၃ ခုနှစ်မှ နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ ရွေးကောက်ပွဲ အနိုင်ရပြီး ဝန်ကြီးချုပ် နေရာကို ပြန်လည် ရယူခဲ့ပေမယ့် သူ့ရဲ့ ညွန့်ပေါင်းအစိုးရဟာ အတွင်းပိုင်း ပြဿနာတွေကြောင့် ၂ နှစ်အတွင်း ပြိုကွဲခဲ့ပြီး မဟာသီဟာက လက်ရှိမှာတော့ အဓိက အတိုက်အခံ ခေါင်းဆောင် တဦးအနေနဲ့ ရပ်တည်နေပါတယ်။

 

Ref: CNA