ရခိုင်တိုက်ပွဲမှာ စစ်ကောင်စီဗိုလ်မှူးချုပ် တဦးသေဆုံးပြီး တဦးဖမ်းမိ

ဖေဖော်ဝါရီ၊ ၁၃

ရခိုင်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ – ၁၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းသေဆုံးခဲ့ပြီး အခြားဗိုလ်မှူးချုပ်တဦးကိုဖမ်းမိထားတယ်လို့ရက္ခိုင့်တပ်တော်(AA)နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။

တပ်မ၁၁မှာရန်ကုန်။အင်းတိုင်အခြေစိုက်ဖြစ်ပေမယ့် ရခိုင်ကိုစစ်ကူအဖြစ်လာရောက်နေတာလို့လည်း အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။

မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဗိုလ်မှူးချုပ်မင်းမင်းထွန်းရဲ့ အလောင်းကို ရရှိခဲ့တာဖြစ်ပြီး နောက်ထပ်ဗိုလ်မှူးချုပ်တဦးကိုတော့ ကျောက်တော်တိုက်ပွဲမှာ ဖမ်းမိခဲ့တာလို့သတင်းရင်းမြစ်ကဆိုပါတယ်။

!!!လောလောဆယ်အကြမ်းဖျည်းသိရတာ။တယောက်က၁၁ကတပ်မှူး။နောက်တယောက်ကစကခ၉ကပဲ။တပ်တော်ဖက်ကအသေးစိတ်ထုတ်ပါမယ်!!!လို့သူကDNAကိုပြောပါတယ်။

ဗိုလ်မှူးချုပ်မင်းမင်းထွန်း သေဆုံးမူနဲ့တခြားဗိုလ်မှူးချုပ်တဦးအားဖမ်းမိမူအခြေအနေကို AAဖက်ကထုတ်ပြန်တာမရှိသေးသလို DNAအနေနဲ့လည်းသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

AAပြောရေးဆိုခွင့်ရှိသူခိုင်သုခကို DNAအနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

AAက မြောက်ဦးမြို့နယ်အတွင်းမှာရှိတဲ့  စစ်ကောင်စီရဲ့ ခမရ ၅၄၀ တပ်ရင်းကို ဇန်နဝါရီ ၃၀ ရက် ၊ စကခ ၉ လက်အောက်ခံ ခမရ ၃၇၈ တပ်ရင်းကို ဖေဖော်ဝါရီ ၅ ရက် နဲ့ ခမရ ၃၇၇ တပ်ရင်းကို ဖေဖော်ဝါရီ ၇ ရက်မှာ  အပြီးသက် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြောက်ဦးမြို့နယ် တစ်ခုလုံးကို ထိန်းချုပ်ထားတာပါ။

ဒါ့အပြင်ကျောက်တေောျမွို့ရှိအမှတျ(၉) စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ်(စကခ -၉)နဲ့ ခမရ (၃၇၅) တပ်ရင်းတွေကို  ဖေဖော်ဝါရီ ၇ရကျမှာ အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ပြီးကျောက်တော်မြို့နယ်တခုလုံးကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်မှာဖမ်းမိ။သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်နှစ်ဦးမပါဝင်ဘဲ ၁၀၂၇စစ်ဆင်ရေးစတင်ကတည်းက စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့်၃ဦးသေဆုံးခဲ့ပြီး ၂ဦးအရှင်ဖမ်းမိထားကာ လက်နက်ချအညံခံသူ၆ဦးအထိရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီထဲမှာရခိုင်မှာသေဆုံးခဲ့တဲ့ တပ်မ ၁၁တပ်မမှူးနဲ့အမည်တူတဲ့ တပ်မ၁၀၁တပ်မမှူးဗိုလ်မှူးချုပ်မင်းမင်းထွန်းကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၅ရက် ရှမ်းမြောက်၊ နမ့်ဆန်တိုက်ပွဲမှာTNLAက ဖမ်းဆီးရမိခဲ့ပါသေးတယ်။

လောက်ကိုင်မှာလက်နက်ချခဲ့တဲ့လောက်ကိုင်ဒေသအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ (၅၅) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုး ၀ငျးတို့ကိုတော့ နိုင်ငံတော်ပုန်ကန်မူ။အမိန့်မနာခံမှု၊ တာ၀န်မကျေပွန်မှုတို့အပါအ၀င် တပ်မတော်အက်ဥပဒေများနဲ့စစ်ခုံရုံးက သေဒဏ်ချမှတ်ထားပါတယ်။

ဒါအပြင် စကခ-၁၆ မှူး ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ စကခ-၁၂ မှူး ဗိုလ် မှူးချုပ်အောင်ဇော်လင်း၊ စကခ-၁၄မှူး ဗိုလ်မှူးချုပ်အေးမင်းဦးတို့ကိုလည်း  တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ထားတာဖြစ်ပါတယ်။

Photo.AA Info Desk

ပုံစာ-မြောက်ဦးတိုက်ပွဲမှာသိမ်းဆည်းရရှိခဲ့တဲ့စစ်ကောင်စီလက်နက်ခဲယမ်းများ