ဖေဖော်ဝါရီ ၊ ၈
ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်ရဲစခန်းကိုရက္ခိုင့်တပ်တော်(AA)က ဒီနေ့ဖေဖော်ဝါရီ၈ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်နေတယ်လို့ ေဒသတွင်းသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။
မောင်တော-အငူမော်ကားလမ်းမှာရှိတဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ဒီနေ့မနက်၇နာရီကျော်လောက်ကစတင်လို့ AAကထိုးစစ်ဆင်နေတာဖြစ်ပြီးစစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“တပ်တော်ကဝိုင်းတိုက်နေတာ။ဟိုဖက်ကတော့လေယာဥ်နဲ့လာပစ်တယ်နေ့လည်ဖက်က”””လို့ဒေသခံတစ်ဦးကဆိုပါတယ်။
ကိုးတန်ကောက်နယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်လောက်ရှိတယ်လို့လည်း အဲဒီဒေသခံကပြောပါတယ်။
ကိုးတန်ကောက်စခန်းနားမှာတည်ရှိတဲ့ ဒုံးပိုက်နဲ့ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်းတွေကိုတော့ AAက ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ကိုးတန်ကောက်တိုက်ပွဲနဲ့ ပတ်သတ်လို့ AAဖက်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ မနှစ်ကနိုဝင်ဘာ၁၃ရက် တကျော့ပြန်တိုက်ပွဲစတင်ကတည်းက AAက စစ်ကောင်စီရဲ့အရေးပါတဲ့ နယ်ခြားစောင့်စခန်းအများအပြားကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် လတ်တလောမှာလည်း မောင်တောမြို့နယ်မှာAAရဲ့ထိုးစစ်ကြောင့် တဖက်ဘဂ်လားဒေ့ရှ်နိုင်ငဲထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နဲ့တခြားဝန်ထမ်းအရေအတွက်မှာ ဖေဖော်ဝါရီ၇ရက်အထိ စုစုပေါင်းသုံးရာကျော် ရှိပြီလို့ အဲဒီနိုင်ငံအခြေစိုက်သတင်းဌာနတွေကဖော်ပြကြပါတယ်