နိုဝင်ဘာ၊ ၂၀
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ပင်လယ်နဲ့မြစ်ကမ်းတလျှောက်ငါးဖမ်းတာ၊ ရေကြောင်းသွားလာတာ၊ ကမ်းကပ်တာ၊ ဆိပ်ကမ်းနဲ့ မြစ်ကမ်းတွေမှာ ဝိုင်းဖွဲ့သောက်စားတာတွေ မလုပ်ကြဖို့ စစ်ကောင်စီကပိတ်ပင် တား မြစ်လိုက်ပါတယ်။
စစ်ကောင်စီလက်အောက်ခံကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုးပြီး နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ထုတ် ပြန်ခဲ့တဲ့ အဲ့ဒီတားမြစ်ချက်ဟာ လာမယ့် ဒီဇင်ဘာ ၁၉ရက်အထိ အတည်ဖြစ်တယ်လို့ဆိုထားပါတယ်။
“ရေထဲမှာ ဘာမှကိုလုပ်လို့မရဘူး၊ငါးလည်း မဖမ်းရတော့ဘူး၊နောက်ဆုံး မြစ်ကမ်းနားတောင် မသွားရတော့ဘူး ဆိုတဲ့သဘော၊ အဲဒီလို စာထုတ်တာပါ၊ငါးဖမ်းပြီးမှ စားနေတဲ့သူတွေမှာ ဘယ်လိုစားသောက်ရတော့မလဲ”လို့ ငါး ဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ ကျောက်ဖြူမြို့ခံ တဦးက DNA ကို ပြောပါတယ်။
အဲဒီလို ငါးဖမ်းတာ၊ ရေကြောင်းသွားလာတာ၊ ဆိပ်ကမ်းနဲ့ မြစ်ကမ်း တလျောက် သောက်စားတာတွေကို နေ့ရော၊ ညပါ ၂၄ နာရီပတ်လုံး မလုပ်ကြဖို့ စစ်ကောင်စီရဲ့ အမိန့်စာထဲမှာ ဖော်ပြထားပါတယ်။
ကျောက်ဖြူမြို့နဲ့ ထိစပ်နေတဲ့ ပင်လယ်၊ မြစ်ကမ်းတလျှောက်နေရာတွေဖြစ်တဲ့ မြို့ပေါ်ရပ်ကွက်တွေ၊ လိပ်ခ မော် ကျေးရွာအုပ်စု၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ ဆိတ်ကျွန်း၊ သာသနာ ၅၀၀၀ ကမ်းခြေ၊ စိုင်းခြုံ ကျေး ရွာအုပ်စု၊ အောင်စေတီရွာ၊ ကပ်သပြေကျေးရွာအုပ်စု၊ ကန္ဒီးကျေးရွာအုပ်စု တို့အတွင်းရှိ ကမ်းခြေဒေသတွေနဲ့ ရေ နယ်နမိတ်တွေမှာ အဲဒီလို မလုပ်ကြဖို့ ကန့်သတ်လိုက်တာပါ။
ဒါ့အပြင် ကျောက်ဖြူမြို့နယ်အတွင်းက ဒေသခံတွေအများစု ငါးဖမ်းကြတဲ့ သံဇစ်မြစ်အတွင်းမှာလည်း သွားလာ တာတွေ မလုပ်ဖို့ အဲဒီစာထဲမှာ တားမြစ်ထားပါတယ်။
တားမြစ်ချက်ကိုဖောက်ဖျက်ရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့လည်း ဆိုပါတယ်။ဒီလိုပိတ်ပင်တာနဲ့ ပတ်သက်လို့ လတ်တလောအခြေအနေအရ ဒေသလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းရေး အ တွက်လို့ စစ်ကောင်စီကအကြောင်းပြထားပါတယ်။
ဒီလိုတားမြစ်ချက်တွေကြောင့် ဒေသခံငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ ဝမ်းရေးအခက်အခဲကြုံလာရနိုင်သလို သွား လာ ရေးလည်း ပြတ်တောက်ကာ ဆေးဝါး၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံလာရနိုင်တယ်လို့ ဒေသခံတွေက ပြော ကြပါတယ်။
“နဂိုတည်းက ကားလမ်းတွေကို ပိတ်ထားတာ အခုရေလမ်းပါ ပိတ်လိုက်ပြီဆိုတော့ အကုန်ငတ်ဖို့ပဲ ရှိတော့တယ်” လို့ ကျောက်ဖြူမြို့နယ်က နောက်ထပ်ဒေသခံတဦးကလည်း ပြောပါတယ်။
အခုလိုပိတ်ပင်တာဟာ စစ်ကောင်စီတပ်အနေနဲ့ ပြည်သူတွေကို တမင်ဒုက္ခရောက်အောင် လုပ်တာဖြစ်တယ် လို့ လည်း ဝေဖန်တာတွေရှိနေပါတယ်။
နိုင်ငံတဝှမ်း မြို့သိမ်း၊ စခန်းသိမ်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည် နယ်အတွင်းမှာပါ ရက္ခိုင့်တပ်တော်(AA)ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး စခန်းအချို့ လက်လွှတ်ထားရပြီဖြစ် ပါတယ်။
အဲဒီလိုအခြေအနေမှာ စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးပြင်ဆင်၊ လှုပ်ရှားမှုတွေ ရှိနေပြီး ကျောက်ဖြူု မြို့ နယ်အတွင်းအတွင်း မြို့ပတ်လည်တဝိုက် မြစ်၊ ချောင်းတွေအတွင်း တပ်စခန်းတွေ တိုးချဲ့ချထားတာတွေ လုပ် နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“မြို့ဝင်ပေါက်တွေမှာ စခန်းသစ်တွေချနေတာ၊ကြောက်ပြီး လုပ်နေကြတာထင်တယ်၊ပြည်သူတွေကိုလည်း ဘာမှ မဆီမဆိုင် ဒုက္ခပေးနေတယ်”လို့ ကျောက်ဖြူမြို့နယ်အတွင်းရှိ ဓည၀တီရေတပ်စခန်းအနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေတပ်စခန်းတွေအနီး ငါးဖမ်း၊ သွားလာ ခွင့်တွေ ပိတ်ပင်၊ ကန့်သတ်ခဲ့ဖူးပါတယ်။