ခမ်းပတ်နဲ့ ဝိတုတ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် နှစ်ဦးရဲ့ စျာပန

နိုဝင်ဘာ၊ ၉
 
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့သိမ်းတိုက်ပွဲ နဲ့ ဝိတုတ်ကျေးရွာ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအင်အားစုက ရဲဘော်နှစ်ဦး ကျဆုံးခဲ့တဲ့အတွက် စျာပနာအခမ်းအနားကို နိုဝင်ဘာလ ၉ ရက် ဒီကနေ့ ညနေ ၃ နာရီမှာ ကျင်းပခဲ့ပါတယ်။
 
ကျောင်းသားတပ်မတော် (ABSDF )က အသက် ၂၇ နှစ်အရွယ် ရဲဘော် ဝေယံဟာ ဝိတုတ်ရွာတိုက်ပွဲနဲ့ တမူးခရိုင်တပ်ရင်း (၂) က အသက် ၂၃ နှစ်အရွယ်ရဲဘော် ဇင်မင်းဦးဟာ ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ နိုဝင်ဘာလ ၈ ရက်မှာ ကျဆုံးခဲ့တာပါ။
 
အဲဒီရဲဘော်နှစ်ဦးရဲ့ စျာပနကို စစ်အခမ်းအနားနဲ့ သဂြိုလ်ပြီး သက်ဆိုင်ရာ တပ်တွေက အမိန့်ပြန်ပေးခဲ့ပါတယ်။
 
တမူးခရိုင်အတွင်းက ခမ်းပတ်မြို့ဟာ တမူး-ကလေး အာရှလမ်းမကြီး ပေါ်မှာ တည်ရှိပြီး တော်လှန်ရေးအင်အားစုတွေက ကောလင်းမြို့ပြီးရင် ဒီလ ၇ ရက်မှာ သိမ်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် မြို့ဖြစ်ပါတယ်။
 
ဓာတ်ပုံ – CJ