အောက်တိုဘာ၊ ၃၁
နှစ်နိုင်ငံနယ်စပ်တလျှောက် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေတိုက်ပွဲတွေပြင်းထန်နေချိန် တရုတ် စစ် တပ်က တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ဘက်ခြမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက သံချပ်ကာကားတွေနဲ့ ကင်းလှည့်ခဲ့ တယ်လို့ နယ်စပ်အနီး နေထိုင်သူတွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်ရဲ့ တဖက်ခြမ်းမှာ အခုလို ကင်းလှည့်နေတာဖြစ်ပြီး သံချပ်ကာကား ခြောက်စီးထက်မနည်းပါဝင်တယ်လို့ သိရပါတယ်။
“ဒါက ပုံမှန်ပါပဲ၊ ဒီဘက်မှာ ရုတ်ရုတ်ဆို သူတို့ လုံခြုံရေးအရ အဲလို ကင်းလှည့်နေကျ၊ တပ်ချထားတာမျိုးတော့ မဟုတ်ဘူး”လို့ မူဆယ်မြို့ခံ တဦးက DNA ကို ပြောပါတယ်။
တရုတ်စစ်တပ်က အင်အားတိုးချဲ့တပ်ချထားတာမျိုးမဟုတ်ဘဲ အဲဒီနယ်စပ်မှာ နဂိုကတည်းကရှိနေတဲ့ နယ်ခြား စောင့် တပ်ဖွဲ့ဝင်တွေက အခုလို ကင်းလှည့်တာလို့လည်း သူကရှင်းပြပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဝင်ထွက်ပေါက်တခုဖြစ်တဲ့ ချင်းရွှေဟော်မြို့၊မူဆယ်၊နမ့်ခမ်း၊ကွမ်းလုံ၊ လောက် ကိုင်မြို့နယ် တွေအပါအဝင် နယ်စပ်ဒေသတွေမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင် တဲ့ အောက်တိုဘာ ၂၇ ရက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဒါ့အပြင် မနေ့က တရုတ်နယ်စပ်အနီး ဖောင်းဆိုင်မြို့မှာ တိုက်ပွဲဖြစ်ချိန်ကလည်း တရုတ်နိုင်ငံဘက်ခြမ်းကို လက် နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အလားတူ တရုတ်နယ်စပ်နဲ့ တမိုင်ခန့်အကွာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းအနီးမှာလည်း မနေ့ ညနေပိုင်း က စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်တပ်တွေကြား မိနစ်နှစ်ဆယ်ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါ တယ်။
“မူဆယ်မှာကတော့ အခုထိ အေးဆေးပဲ၊ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ နေအိမ်ထဲ ကမထွက်တာတွေ၊ ဆိုင်မဖွင့်တာမျိုးတွေတော့ ရှိတာပေါ့”လို့မူဆယ်မြို့ခံနောက်တဦးကလည်း ပြောပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ငါးရက်မြောက်ရှိလာတဲ့ လက်ရှိ အ ချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်မြို့ တွေ နဲ့ လားရှိုး-မူဆယ် ကားလမ်းပေါ်က သိန္နီမြို့တို့ကိုလည်း မဟာမိတ်တပ်တွေက ထိန်းချုပ်ထားနိုင်နေပါတယ်။
photo ကမ်းလက်ကူညီ ပရဟိတအသင်း
ပုံစာ – ကျယ်ဂေါင် နယ်စပ်ဂိတ်အနီး တွေ့ရတဲ့ ကင်းလှည့် သံချပ်ကာကားတချို့