စစ်တပ်က ARSA ကို စစ်ရေးထောက်ပံ့နေတယ်ဆိုတာကြောင့် ဒေသခံရိုဟင်ဂျာတွေစိုးရိမ်နေ

စက်တင်ဘာ၊ ၄

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနဲ့ဘူးသီးတောင်မြို့နယ်တွေထဲက စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေထဲ ARSA အဖွဲ့တွေလှုပ်ရှားနေပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက် နေတာကြောင့် ပဋိပက္ခတွေ ထပ်ပြီးဆိုးရွားလာမှာစိုးရိမ်နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်း၊ ကြက်ရိုးပြင်၊ဘူးသီး တောင်မြို့နယ် စိမ့်ညှင်းပြား၊ ဖုန်ညိုလိပ်၊ ကြာညိုပြင်စတဲ့ ရွာတွေထဲမှာလည်း ARSA အဖွဲ့၀င်တွေ သွားလာနေ ကြတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

“ငန်းချောင်းမှာဆိုရင် သူတို့(ARSA) ရွာထဲမှာ နေကြတယ်၊စစ်တပ်က ခွင့်ပြုထားလို့ပေါ့၊မဟုတ်ရင် ဘယ်လိုနေလို့ ရမလဲ၊ ကျီးကန်းပြင်ဌာနချုပ်နဲ့ နီးနီးလေး၊ ဟိုဘက်မှာဆိုရင်လည်း လောင်းဒုံရဲစခန်းရှိတယ်၊စစ်တပ်က လှုပ်ရှား နေတာပါ၊ အရင်ကားမီးရှို့တာလည်း ဒီနားမှာပဲ”လို့ လက်နက်အပြည့်အစုံနဲ့ သွားလာနေတဲ့ ARSA တပ်ဖွဲ့၀င် တွေကို ကိုယ်တိုင်မြင်ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ARSA အပါအ၀င် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးအကူအညီပေးပြီး ပြ ဿနာ တွေ ထပ်ဖြစ်လာအောင်ဖန်တီးနေတာလို့လည်း စစ်တပ်နဲ့ နီးစပ်သူတွေ၊ ဒေသခံရိုဟင်ဂျာတွေက ပြော ဆိုကြပါတယ်။

“လက်နက်တွေ၊ စစ်သင်တန်းတွေ ပေးနေတယ်လို့ သတင်းတွေ ကြားရတယ်၊မောင်တောမြောက်ပိုင်း ဟိုးအ‌ပေါ် ဘက်မှာ စစ်သင်တန်းပေးနေတာကတော့ ကိုယ်တိုင်မြင်ခဲ့ရသူတွေပါ ရှိတယ်”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ မောင်တောဒေသခံ တဦးက DNA ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးဆောင်ရွက်ဖို့ ကြိုးစားနေချိန်မှာပဲ အဲဒီလို စစ်ရေးအကူ အညီတွေ ပေးနေတာလို့ ဆိုပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်ကောင်စီက ARSA ကို အကူအညီတွေ ပေးနေတယ်လို့ ကြားသိရပြီး သူတို့ကိုယ်တိုင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့ကို ထောက်ပံ့တယ်ဆိုရင် စစ်ကောင်စီဟာ အကြမ်း ဖက်အဖွဲ့အဖြစ် ပိုပြီးတော့ ထင်ရှားလာမယ်လို့ ရခိုင်လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကသုံးသပ်ပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစု တခုဖြစ်လာရင် နည်းမျိုးစုံနဲ့ ဖြိုခွဲတာ၊တဖက်ကို‌ မွေးစားလိုက်တာစတဲ့ အလေ့အထတွေရှိခဲ့ပြီး အခုလို ARSA အဖွဲ့ ပြန်ပေါ်လာတာ၊ စစ်ကောင်စီက ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သ တင်းတွေ ထွက်လာတာဟာ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“သတင်းက အတည်မပြုနိုင်သေးပေမယ့် ဒါက စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်၊ပထမ၊ ဒုတိယ နှစ်ကြိမ် ဖြစ် ပြီးပြီ၊နောက်တစ်ကြိမ် ရခိုင်နဲ့ မူဆလင်တွေ အဓိကရုဏ်းတွေဖြစ်လာနိုင်တယ်၊နောက်ပြီးတော့ဒီလိုလက်နက် ကိုင် တိုက်ပွဲတွေ တကြိမ်(နဲ့) မပြီးသေးဘူး၊တကြိမ်က ထပ်ပြီးတော့ ဖြစ်လာနိုင်တယ်၊အဲလိုအခြေအနေမျိုးကြောင့် ဒီ ကိစ္စကိုတော့ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ သတိထားစောင့်ကြည့်ရမယ့် အနေအထားမျိုးဖြစ်တယ်”လို့ ဦးဖေသန်း က ပြောပါတယ်။

အခုလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို စစ်သင်တန်းတွေ ပေးနေတာဟာ စစ်ကောင်စီက ကြိုးပမ်း‌နေတဲ့ ရိုဟင်ဂျာပြန်လည်လက်ခံရေးအစီအစဉ်တွေ မအောင်မြင်တဲ့အတွက် ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာအောင် လုပ်ဖို့ ကြံစည်တာဖြစ်နိုင်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

“အရင်တုန်းကလိုမျိုး ပြဿနာတွေနဲ့ ရှုပ်ထွေးသွားအောင် လုပ်တာလို့ ထင်တယ်၊အဲလိုမျိုးတွေ ဖြစ်လာမှာကို အ ကုန်လုံး စိုးရိမ်ကြတယ်၊ရိုဟင်ဂျာတွေ အရင်ကလည်း ခံရပြီးပြီ”လို့ ရခိုင်ဒေသခံ ရိုဟင်ဂျာလူငယ်တဦးက ပြောပါ တယ်။

၂၀၂၂ ခု နှစ်ဆန်းပိုင်းက‌တည်းက လှုပ်ရှားမှုတွေ မရှိတဲ့ ARSA အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လ ၁၈ရက်မှာ ဘူး သီးတောင်မြို့နယ်အတွင်း ရခိုင့်တပ်တော် (AA)နဲ့ တိုက်ပွဲ ဖြစ်ခဲ့သလိုပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း မောင် တောမြို့နယ်မှာ ကားမီးရှို့ကာ အရပ်သားနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်ရဲ့ တပ်မ၊ တပ်ရင်းဗျူဟာတွေအနီးမှာ ဖြစ်တယ်လို့ ဒေ သခံတွေက ပြောကြပါတယ်။

“ARSA က စစ်တပ်နားမှာပဲ ရှိနေတာ၊စစ်တပ်က သေနတ်တွေ ပေးတယ်လို့ ပြောကြတယ်၊ကျွန်တော်တို့တော့ မ မြင်ဘူး၊ဒီဘက်မှာ တပ်တော်(AA)လည်း ရှိတဲ့အခါကျတော့ တပ်တော်(AA)နဲ့ တိုက်ပွဲဖြစ်အောင် လုပ်နေတာ ထင် တယ်၊အရင်က တခါမှ ဒီနားမှာ ARSA လည်း မရှိဘူး၊တိုက်ပွဲလည်း မရှိဘူး၊စစ်တပ်ပဲ ရှိတာပါ”လို့ ARSA အဖွဲ့နဲ့ AA တို့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးနေထိုင်တဲ့ အမည်မဖော်လိုသူ ရိုဟင်ဂျာတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတဲ့ ဓါတ်ပုံနဲ့ ရုပ်သံအချို့ အွန်လိုင်းပေါ် ပျံ့ နှံ့ခဲ့တာ တွေ့ရပြီး ရခိုင်အခြေစိုက် မီဒီယာတချို့ကလည်း စစ်ကောင်စီနဲ့ ARSA အရာရှိတချို့ကိုးကားပြီး ARSA ကို စစ်တပ်က လက်နက်တွေထောက်ပံ့နေကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို စစ်သင်တန်းပေးနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပါ် DNA က သီးသန့် အတည်ပြုလို့တော့ မရသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကိုပြန်လက်ခံဖို့ ပြော ဆိုထားသလို ပြန်လက်ခံရေး လုပ်ငန်းတွေမြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်လာဖို့လည်း အလိုရှိနေ တာပါ။

ဒါကြောင့် စစ်ကောင်စီတာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ရိုဟင်ဂျာဒုက္ခသည်တွေဆီ အကြိမ်ကြိမ်သွား ရောက်တွေ့ဆုံညှိနှိုင်းကာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေအထမြောက်ဖို့ကြိုးပမ်းနေပေမယ့် လက်တွေ့ တော့အကောင်အထည်မပေါ်သေးပါဘူး။

ပြန်လည်လက်ခံရေး ဆောက်ရွက်မယ့်မောင်တော – ဘင်္ဂလားဒေရှ့်နယ်စပ်တစ် လျှောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းစခန်းကုန်းအပါအ၀င် ကင်းစခန်းအများအပြားကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် တကျော့ပြန်တိုက်ပွဲအတွင်း AA က သိမ်းယူရရှိခဲ့တယ်လို့ AA အပါအ၀င် နီးစပ်သူတွေက ပြောထားကြပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်တပ်က နယ် မြေရှင်းလင်းရေးဆိုကာ တိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော မြို့နယ် အတွင်းက ရိုဟင်ဂျာခုနစ်သိန်းကျော်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရပြီး ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ပြည် သူတွေ အသတ်ခံခဲ့ရတယ်လို့ အမျိူးသားညီညွှတ်ရေးအစိုးရ (NUG)က ဆိုထားပါတယ်။

စစ်တပ်ရဲ့ ရိုဟင်ဂျာပြည်သူတွေအပေါ် အဲဒီအကြမ်းဖက်လုပ်ရပ်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့နှစ်မှာ သတ်မှတ်ခဲ့ပါတယ်။