တောင်ကိုရီးယားက ရာသီပေါ်လုပ်ငန်းတွေအတွက် မြန်မာလုပ်သားခေါ်ဖို့ ထုတ်ပြန်ပြောဆိုထားတာမရှိ

စက်တင်ဘာ၊ ၄

မြန်မာလုပ်သားတွေကို ရာသီပေါ်လုပ်ငန်းတွေအတွက် ကာလတိုဗီဇာနဲ့ အလုပ်သမားခေါ်ယူဖို့ တရားဝင် ထုတ် ပြန် ပြော ဆိုထားတာမရှိသေးတာကြောင့် ရာသီချိန်အလုပ်သမားခေါ်တော့မယ်ဆိုတဲ့ ရေးသားဖော်ပြမှုတွေ ကို သတိပြုဖို့ အဲဒီနိုင် ငံရောက်မြန်မာအလုပ်သမားအဖွဲ့တွေကပြောပါတယ်။

“မြန်မာနိုင်ငံသား ရာသီချိန် စိုက်ပျိုးရေး လုပ်သားများ ကိုရီးယားကို တရားဝင်မခေါ်သေးပါဘူး၊ သတိထား ကြပါ” လို့ တောင်ကိုရီးယားရှိမြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်နေသူကိုဇော်မိုးအောင်က ထွက်ပေါ်နေတဲ့ သ တင်းတွေ နဲ့ပတ်သက်လို့ သတိပေးပြောကြားပါတယ်။

နှစ်နိုင်ငံ ဌာနဆိုင်ရာတွေက တရားဝင် ထုတ်ပြန်ပြောဆိုမှုတစုံတရာမရှိသေးပေမယ့် တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားဖြစ်တဲ့စိုက်ပျိုးရေးလုပ်ငန်းအတွက်အမျိုးသားသာမကဘဲ အမျိုးသမီး လုပ်သားတွေပါ စေ လွှတ်နိုင်တော့မယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတချို့မှာ ရေးသားဖော်ပြတာတွေရှိနေတာပါ။

အဲဒီရာသီချိန်လုပ်သားတွေကိုစေလွှတ်မယ့်အကြောင်း ဒီရက်ပိုင်းအတွင်းသတင်းတွေပြန်ထွက်ပေါ်လာတာဖြစ်ပြီး အလုပ် သမားစေလွှတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ထုတ်တဲ့စာဆိုပြီး အ တည်ပြုမရတဲ့စ ာတစောင်လည်း လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။

ဒါ့အပြင် ကိုရီးယားအလုပ်အကိုင်နဲ့ဘာသာစကားသင်တန်းကျောင်းတချို့ကလည်း ရာသီချိန်လုပ်သားစေလွှတ် တော့ မယ်ဆိုတဲ့သတင်းတွေဖြန့်ဝေကာ သင်တန်းသားစုဆောင်းတာတွေရှိလာနေတယ်လို့ သွားရောက်ဖို့စိတ် ဝင်စားစုံစမ်း နေသူတချို့ကဆိုပါတယ်။

“အမှန်လား၊ဂျင်းလားမသိတော့ သင်တန်းတက်မယ့်သူတွေလည်းဇဝေဇဝါဖြစ်နေကြတယ်”လို့ EPSစာမေးပွဲ အောင်ထားပြီးသူတဦးကပြောပါတယ်။

အခုလိုလူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့စာတွေက အစစ်ဟုတ်မဟုတ်အတည်မပြုနိုင်သေးတဲ့အခြေအနေမှာပဲ ကိုရီးယားနိုင်ငံကိုသွားရောက်လိုတဲ့အလုပ်သမားတွေကြား စိတ်ဝင်တစားရှိနေကြတယ်လို့ အလုပ်သမား တချို့ ကဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံကခေါ်ယူလေ့ရှိတဲ့ ရာသီချိန်လုပ်သားဆိုတာဟာ စိုက်ပျိုးရေးနဲ့ငါးလုပ်ငန်းတွေအတွက် ရည်ရွယ်ခေါ်ယူတာဖြစ်ပြီး ရက်ကိုးဆယ် သက်တမ်းရှိတဲ့(C-4)ဗီဇာ ဒါမှမဟုတ် ငါးလသက်တမ်းရှိ (E-8)ဗီဇာ တွေနဲ့သွား ရောက်ရတဲ့  ကာလတို အလုပ်အကိုင်တွေဖြစ်တယ်လို့သိရပါတယ်။

ရာသီချိန်လုပ်သား ဖြစ်တဲ့စိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်လိုတဲ့အလုပ်သမားတွေကို အဖွဲ့အစည်း အမည်ခံတွေက ကျေးရွာတွေအထိဆင်းကာစည်းရုံးငွေတောင်းတာတွေ ရှိနေတယ်လို့ ကိုရီးယားဘာသာ လေ့ လာနေသူတချို့ကပြောပါတယ်။

အရင်ကလည်း အလားတူ အခြေအနေတွေ  ရှိခဲ့ဖူးတာကြောင့်တောင်ကိုရီးယားနိုင်ငံကို နိုင်ငံခြားသား ရာသီချိန် လုပ်သားပို့ပေးမယ်ဆိုတဲ့ သတင်းတွေကို မယုံကြည်ဖို့နဲ့ အဲဒီလုပ်သားစေလွှတ်ခွင့်မရထားဘူးလို့ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးကဇွန်လအတွင်း သတိပေးချက်ထုတ်ပြန်ခဲ့ရဖူးပါတယ်။

တောင်ကိုရီးယားမှာ နိုင်ငံခြားသားရာသီအလိုက်အလုပ်လုပ်ကိုင်ရေးစနစ်နဲ့ပတ်သက်လို့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာကြောင့် စိစစ်ပြီးထုတ်ပြန်ရတာလို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံဒေသန္တရအစိုးရ က ပြည်ပနိုင်ငံတွေက ဒေသန္တရအစိုးရနဲ့တိုက်ရိုက်ဆက်သွယ် ညှိနှိုင်း ကာနားလည်မှုစာချွန်လွှာ ရေးထိုးပြီး ရာသီချိန်အလုပ်သမား စိစစ်လက်ခံတာလို့တောင်ကိုရီးယားသံရုံးက ရှင်း ပြထားပါတယ်။

 နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားတဲ့ဒေသန္တရအစိုးရကလွဲပြီး တခြားဌာန၊ အဖွဲ့အစည်း၊ အရပ်သား တွေအနေနဲ့ အလုပ်သမားစေလွှတ်ခွင့်မရှိသလို လုပ်ပိုင်ခွင့်ကိုယ်စားလှယ်လွှဲပြောင်းခွင့်မရှိတဲ့အတွက် အခကြေး ငွေကော်မရှင်ခံစားခွင့်လည်းမရှိဘူးလို့ အသိပေးထားပါတယ်။

မကြာခင်က ECI(နိုင်ငံတကာ စီးပွားရေးယဉ်ကျေးမူနှီးနှောဖလှယ်ရေးအဖွဲ့)ဆိုတဲ့အဖွဲ့အစည်းတခုက လုပ်ပိုင်ခွင့် ရှိတဲ့အဖွဲ့အစည်းအသွင်မမှန်မကန်ပြုလုပ်ပြီး အလုပ်သမားစေလွှတ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ် လို့ လည်းဖော်ပြထားပါတယ်။

အဲဒီလိုလုပ်ဆောင်နေတဲ့အဖွဲ့အစည်း၊ကုမ္ပဏီတွေကိုမယုံကြည်ကြဖို့နဲ့ သိရှိလိုတာရှိရင်ကိုရီးယားသံရုံးကို တိုက် ရိုက်ဆက်သွယ်စုံစမ်းနိုင်တယ်ဆိုပြီးတော့လည်းအသိပေးထားပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံအစိုးရချင်းသဘောတူညီမှု ဖြစ်တဲ့ EPSအလုပ်သမားတွေကိုပဲဆက်လက်စေလွှတ်နေပြီး လက် ရှိတောင်ကိုရီးယားနိုင်ငံမှာ EPSလုပ်သားဦးရေ ငါးသောင်းနီးပါးရောက်ရှိလုပ်ကိုင်နေတယ်လို့ အလုပ်သမား ရေးရာ မှတ်တမ်းတွေအရ သိရပါတယ်။

ပုံစာ – တောင်ကိုရီးယားမှာအလုပ်လုပ်ကိုင်ကြမယ့် မြန်မာနိုင်ငံသားတချို့