စစ်ကောင်စီ ဒကစမှူးရဲ့ ခဲယမ်း၊စစ်အသုံးအဆောင်တွေနဲ့ ကုန်တင်ကားတစီးကိုပကဖသိမ်းဆည်း

သြဂုတ်၊ ၂၈

စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှူး တဦးရဲ့ ခဲယမ်း စစ်အသုံးအဆောင်တွေနဲ့ ၁၂ဘီးကား တစီးကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေး အစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာနက ဒီက နေ့ ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိတဲ့ပစ္စည်းတွေဟာ ကရင်နီဒေသ လွိုင်ကော် ဒကစကနေ ကချင်ပြည်နယ် တနိုင်း ဒကစကို ပြောင်း ရွှေ့ခံရတဲ့ ဗိုလ်မှူးချုပ် မြတ်မင်းမိုးရဲ့ပစ္စည်းတွေဖြစ်ပြီးအခုလ ၉ရက်ကစစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း ထီး ချိုင့် ပကဖက ကုန်ကားတွေကို စစ်ဆေးနေချိန်မှာ ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေထဲ စစ်ယူနီဖောင်းအစုံ ၇၀၊ တိုက်ခိုက်ရေးရိုင်ဖယ်သေနတ်တွေမှာသုံးတဲ့ ၅.၅၆ကျည် ၄၆၅တောင့်၊လက်ပစ်ဗုံး ငါးလုံး၊ Jammer နှစ်လုံး၊ တခြား စစ်အသုံးအဆောင်တွေ၊အိမ်သုံးပစ္စည်းတွေနဲ့ ၁၂ဘီး ကားတစီး လည်းပါဝင်တယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။