အာရှလမ်း မြေပြိုတဲ့နေရာမှာ ဘေလီတံတားဆောက်ပြီးပေမယ့် ဖြတ်သန်းခွင့်ပြန်ပိတ်

သြဂုတ် ၊ ၂၆

အာရှလမ်းမကြီးရဲ့ ပြတ်ကျသွားတဲ့နေရာမှာ ဘေလီတံတားဆောက်လုပ်ပြီးစီးသွားပေမယ့် ဖြတ်သန်းသွားလာဖို့ အန္တရာယ်ရှိနေဆဲဖြစ်တာကြောင့် လမ်းအသုံးပြုခွင့်ပြန်ပိတ်လိုက်တယ်လို့ လမ်းအသုံးပြုသူတွေက DNA ကို ပြောပါတယ်။

 မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်က ရာသီဉတုဒဏ်ကြောင့် လမ်းအပိုင်းလိုက်ပြတ်ကျခဲ့တဲ့ နေရာမှာ ဘေလီတံတားဆောက်လုပ်မှုပြီးစီးသွားတာကြောင့် မနေ့က ဩဂုတ်လ ၂၅ ရက်မှာ လမ်းကို ကားတွေကိုပြန် လည်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

အဲ့ဒီဘေလီတံတာကိုး ခံနိုင်ဝန်အား ၅၅တန်သတ်မှတ်ဖြတ်သန်းခွင့်ပြုတာဖြစ်ပြီး တစီးချင်းဖြတ်သန်းရ တာ ကြောင့် နောက်ထပ်ကားတွေဖြတ်သန်းဖို့ စောင့်ဆိုင်းနေကြချိန်မှာ လမ်းမြေသားအိကျတြ့အခြေအနေတွေ ရှိနေသေးတာလို့ မြဝတီ-ဘားအံ ခရီးသည်တင်ယာဉ်မောင်းတဦးကပြောပါတယ်။

“တံတားအောက်ခံမြေတွေ အိကျလို့ဆိုပြီး ရှေ့ကကားတွေ ပြန်ကွေ့လာကြတယ်၊အဲ့ဒီနေရာက အရင်က အချိန် ပိုင်းနဲ့ဖွင့်တော့လည်း ကွင်းလမ်း(ဘေးရှောင်လမ်း)မှာ ကား တွေနစ်တာတွေဖြစ်တယ် ” လို့ သူက ရှင်းပြပါတယ်။

ကရင်ပြည်နယ်၊ တောနော် ရေတံခွန်အနီးက ဒီလမ်းပိုင်းဟာ အခုလ ၉ ရက်က ပြတ်ကျသွားခဲ့တာဖြစ်ပြီး ယာယီ ဘေလီတံတားတည်ဆောက်မှုကို ၁၉ ရက်ကြာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လမ်းပြုပြင်နေစဉ်ကာလအတွင်းမှာ တောင်ပေါ်လမ်းလို့ခေါ်တဲ့ လမ်းဟောင်းကနေ မြဝတီ – ကော့ကရိတ် ကို အ တက်တရက် အဆင်းတရက် သတ်မှတ်ပြီး သွားလာနေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘေလီတံတား ဆောက်လုပ်ပြီးစီးသွားပေမယ့် ဖြတ်သန်းသွားလာဖို့ အန္တရာယ်ရှိနေတာကြောင့် လမ်းအသုံးပြုသူအများစုဟာ လမ်းဟောင်းကိုပဲ ပြန်လည် အသုံးပြုနေတယ်လို့ သိရပါတယ်။

“အောက်ခံမြေသားကြောင့် လမ်းပြတ်ထွက်သွားတာလေ၊အဲ့ဒါကို အခုတံတားဆောက်တော့ အဲ့ဒီ မြေတွေကို ထပ် ပြီး ရေမတိုက်စားသွားအောင် ကာထား တုတ်ထားတာတွေ မတွေ့ဘူး၊ မိုးမရွာရင်တော့အဆင်ပြေနိုင်ပေမယ့် ခုက မိုးကလည်း ခပ်စိပ်စိပ် ပြန်ရွာနေတာလေ၊ လမ်းကတော့ဗျာ ဒီလမ်းက ပိုနီးတယ် ခရီး လမ်းကလည်း ပိုသာတယ် ဆိုတော့ ဒီလမ်းကပဲ သွားချင်တာပေါ့ ” လို့ မြဝတီမြို့ခံ လမ်းအသုံးပြုသူ တဉီးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဘေလီတံတားချဉ်းကပ်လမ်းအောက်ခံမြေသားတွေ နိမ့်ဆင်းသွားတာကြောင့် တံတား အ သုံးပြု ခွင့်ကို ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဒီနေရာကို စစ်ကောင်စီလက်အောက်ခံ ကရင် ပြည်နယ် အစိုးရအဖွဲ့နဲ့ပြည်နယ်လမ်းဦးစီးဌာနတို့က ဉီးစီး ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

PHOTO social media