သြဂုတ်၊ ၂၄
“PDF အမျိုးသား သုံးဦးက PDF အမျိုးသမီး ၁ ဦးကို မုဒိန်းကျင့်” ဆိုတဲ့ခေါင်းစဥ်နဲ့ စစ်ကောင်စီရဲ့ လော်ဘီ သတင်း ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ ချန်နယ်ကနေ သြဂုတ်လ ၂၃ ရက်၊ ညနေ ၂ နာရီ ၅၀ မိနစ်မှာ တယ်လီဂရန် အကောင့် က စတင်ဖြန့်ဝေခဲ့ပြီး တခြားလော်ဘီ ချန်နယ်တွေဖြစ်တဲ့ MDY Image ၊ Ko Paukk ချန်နယ်တို့ကလည်း ဒီခေါင်း စဥ်နဲ့ ဆက်လက်ဖြန့်ဝေထားတာကိုတွေ့ရပါတယ်။
မှိုင်းဝေချန်နယ်က တင်ဆက်ထားတဲ့ အဲ့ဒီ ပို့စ် ကို ကြည့်ရှုသူ ၂၇၄၂၈ ဦး၊ rection ပြုလုပ်သူ ၃၀၁ ခု၊ ပြန်လည်မျှဝေ သူ ၃၇ ယောက်ထိရှိနေကာ ပြည်သူတွေအကြား ဆက်လက်ပျံ့နှံ့နေပါတယ်။
Delta News Agency (DNA) Fact Check အဖွဲ့က ပျံ့နှံ့လာတဲ့ပို့စ်ကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ စစ်ကိုင်း တိုင်း၊ မြင်းမူမှာ PDF အမျိုးသားသုံးဦးသေဆုံးတယ်ဆိုတဲ့ အကြောင်းအရာက မှန်ပေမယ့် PDF အမျိုးသမီးတဦး “မုဒိမ်းကျင့်ခံရကာသေဆုံး” ဆိုတဲ့ အကြောင်းအရာကတော့ မှားယွင်းနေတာတွေ့ရပါတယ်။
ဖြစ်စဥ်အမှန်ကတော့_
သြဂုတ်လ ၂၂ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တွေ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ ပေါက်မရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကင်းတပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါတယ်။
သြဂုတ် လ ၂၁ ရက်ကလည်း အဲ့ဒီစစ်ကြောင်းကပဲ ပစ်ခတ်လိုက်တဲ့ ၆၀ မမ ဗုံးစထိကာ အမျိုးသမီးတဦး သေဆုံးသွား ကြောင်း မြေလတ်အသံရဲ့ ဒီပိုစ့်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ သြဂုတ် ၂၀ ရက်နေ့ကစပြီး မြင်းမူနယ်စပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင် ရောက် ခဲ့ပြီးအနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ညောင်ရှည်ရွာကနေ ပေါက်မရွာကို အင် အား ၁၅၀ လောက်နဲ့ ၂၂ ရက်နေ့က စစ်ကြောင်းထိုးလာကာ မြင်းမူ ကာကွယ်ရေးတပ်နဲ့ နှစ်ဖက်ထိတွေ့မှု ဖြစ် ပွားခဲ့ကြောင်း Delta News Agencyကလည်း ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ ဖတ်ရှုနိုင် ပါတယ်။
စစ်ကောင်စီလော်ဘီချန်နယ်က စစ်ကိုင်းတိုင်း မြင်းမူမှာရှိတဲ့ PDF စစ်စခန်းမှာ PDF အမျိုးသားသုံးဦးက PDF အ မျိုးသမီးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်လို့ ပစ်ခတ်မှုဖြစ်ပွားကာ အမျိုးသမီးလည်းသေဆုံး၊ မုဒိမ်းကျင့်တဲ့ PDFလည်း သေ ဆုံးတယ်လို့ရေးသားကာ လက်နက်ကြီးထိလို့သေဆုံးသူ မသင်္ကြန်ရဲ့နာရေး ဓါတ်ပုံတွေကိုဖြန့်ဝေခဲ့ တာဖြစ် ပါ တယ်။
မြင်းမူမြို့ဒေသခံတဦးကို စုံစမ်းမေးမြန်းတဲ့ အခါမှာ “ကောင်မလေးက လက်နက်ကြီးထိတာပါ PDF မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်သွားပြီး ကယ်ဆယ်ခဲ့တာပါ၊ ကယ်ဆယ်တဲ့နေရာမှာလည်း နာရီဝက်လောက်ပဲ ကယ် ဆယ် လို့ရတာ၊ ပြောမယ်ဆိုရင် ကလေးမလေးက သွေးထွက်လွန်ပြီးသေဆုံးသွားတာပါ” လို့ မြင်းမူမြို့ ဒေသခံ တဦးက Delta News Agency (DNA) Fact Check အဖွဲ့ကိုပြောပါတယ်။
စစ်ကောင်စီလော်ဘီအကောင့်တွေကနေ PDF တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော သတင်းအမှားတွေကို ဖြန့်ဝေ တတ်တာကြောင့် ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေကို ဖတ်ပြီး အလွယ်တကူ မယုံ ကြည်ကြဖို့နဲ့ မသေချာတဲ့အကြောင်းအရာ၊ သံသယဖြစ်ဖွယ်အကြောင်းအရာတွေကို အလွယ်တကူ Share မပြုလုပ်ဖို့ ပြောလိုပါတယ်။
ပြည်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်းဟုတ်မဟုတ် အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ် Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/ အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက် မေးမြန်းတာတွေ လုပ်သင့်တယ်လို့ DNA က အကြံပြုလိုက်ပါတယ်။