ဝမ်ပေါင်ကုမ္ပဏီမှာ လုံခြုံရေးကျနေတဲ့ရဲတပ်သားတဦး သေနတ်နှစ်လက်နဲ့အတူ CDM ဝင်လာ

သြဂုတ် ၂၄

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလုပ်ကိုင်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီဧရိယာမှာ လုံခြုံရေး ယူပေး ထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦး သေနတ်နှစ်လက်နဲ့ အတူ CDM ဝင်လာတယ်လို့ ဆား လင်းကြီး သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူတဦးက DNAကို ပြောပါတယ်။

“သူပထမတကြိမ် အလင်းဝင်ဖို့ ကြိုးစားတယ်၊ဒါပေမယ့်မအောင်မြင်ဘူး၊ပြန်အဖမ်းခံလိုက်ရတယ်ပေါ့နော်၊ ဒုတိယ အကြိမ်မှာတော့ သူကို သတိမထားမိတဲ့အချိန်မှာ သေနတ်နှစ်လက်ယူပြီး သူထွက်ပြေးလာတယ်ပေါ့နော်၊သူနဲ့ အတူ သေနတ် နှစ်လက် စကားပြောစက်နဲ့ ကျည်ဆံတချို့ပါလာတယ် ” လို့ သူကဆိုပါတယ်။

အဲ့ဒီရဲတပ်သားဟာ ရဲတပ်ဖွဲ့သုံး G3- ရိုင်ဖယ်သေနတ်တလက်၊အူဇီသေနတ်တလက်၊ခဲယမ်းတချို့နဲ့အတူ လက်ပံ တောင်း စီမံကိန်းရှိရာ ဆားလင်းကြီးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်တဲ့ သမန်ကျား တပ်ဖွဲ့ ဆီ ဒီကနေ့ မနက်ပိုင်းမှာ CDM ဝင်ခဲ့တာလို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကထုတ်ပြန်ထား ပါ တယ်။

CDM ဝင်ရောက်လာတဲ့ ရဲတပ်သားရဲ့ နာမည်နဲ့ တပ်ရင်းတွေကို လောလောဆယ်လုံခြုံရေးအရ ထုတ်ဖော်မ ပြော နိုင်သေးပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှ ရဲတပ်သားအသစ် စုစောင်းခြင်းခံရပြီး တလကျပ်လေးသိန်းရမယ် ဆိုတာကြောင့် ရဲတပ်ဖွဲ့ဝင်ရောက်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

“စီးပွားရေးအခက်အခဲကြောင့် သူလည်း ဝင်ခဲ့တယ်ပေါ့နော်၊ဒါပေမယ့် လေးသိန်းမရဘဲ တသိန်းပဲပေးတယ်၊ ဘာ လို့ပိုက်ဆံအပြည့်မပေးလည်းမေးတော့ မင်းတို့အတွက် ရိက္ခာတွေလုပ်ပေးရတယ်၊ လမ်းစရိတ်တွေရှိတယ်ဆိုပြီး ပိုက်ဆံဖြတ်တောက်ခံရတယ်လို့ သူကပြောလာတာတော့ ရှိပါတယ် ” လို့ ဆားလင်းကြီး သတင်းမှန်ပြန်ကြားရေး က တာဝန်ရှိသူဆိုပါတယ်။

လက်နက်နဲ့အတူ CDM ဝင်ရောက်လာတဲ့ ရဲတပ်သားကို ဆုငွေချီးမြင့်နိုင်ဖို့ လုပ်ဆောင်နေပြီး ရန်ပုံငွေ နည်းပါး နေသေးတဲ့အတွက်ကြောင့် ဆားလင်းကြီး သတင်းမှန်ပြန်ကြားရေး ဖေ့ဘွတ် ကတဆင့် ဆက်သွယ်လှူးဒါန်း နိုင်တယ်လို့လည်း သူကပြောပါတယ်။