စစ်ကိုင်းပေါက်မရွာတိုက်ပွဲမှာ စစ်ကောင်စီနဲ့PDF နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

သြဂုတ်၊ ၂၃

 စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ပေါက်မရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေကြား မ နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို ကာကွယ်ရေးတပ်ဘက်ကလည်း သုံးဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာညောင်ရှည်ရွာကနေ ပေါက်မရွာဘက်ကို အင်အား ၁၅၀ ဝန်းကျင်နဲ့မနေ့ကစစ်ကြောင်းထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ရာက တိုက်ပွဲ ဆက်ဖြစ်ခဲ့တာလို့ မြင်းမူပြည်သူ့ကာကွယ် ရေးတပ် တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“ကာကွယ်ရေးတပ်ဖွဲတွေက လက်နက်ကြီးနဲ့ပစ်ကြတာပေါ့၊သူတို့ဘက်က ခွေးငါးကောင်လောက်ကျတယ်၊သူတို့ဘက်က(လက်နက်ကြီး)ထုတော့ နောက် ပြန်ဆုတ်တာပေါ့၊အဲ့ချိန် တိုက်ပွဲဖြစ်ပြီးနှစ်ဦးကျသွားတယ်” လို့သူကပြောပါတယ်။

ဒါ့အပြင်တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ရုပ်အလောင်းတွေကိုပြန်ယူဖို့ကြိုးစားရင်း ပစ် ခတ်ခံရတာကြောင့် နောက်ထပ်တပ်ဖွဲ့ဝင်တဦးထပ်မံကျဆုံးသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်းထိ ခိုက်သေဆုံးမှုရှိပေမယ့် အတိအကျကိုတော့ အ တည်ပြုလို့မရသေးဘူးလို့ မြင်းမူပြည်သူ့ကာကွယ် ရေးတပ် တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်မရွာမှာ ရှိနေသေးတာကြောင့် ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကိုပြန်မယူနိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်က စပြီး မြင်းမူနယ်စပ်မှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင် ရောက်နေပြီး အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတေဠကပြောပါတယ်။

အဲဒီလို ပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်က မြစ်တဖက်ကမ်းမှာ ရှိတဲ့ မြင်းမူ၊ မူးမန္တလေး ရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ မြင်းမူ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“ပြည်သူတွေကတော့ ရှောင်နှင့်နေပြီးသားပေါ့ ၊အဲ့ကလေးမလေးက ရေချိုးဖို့ပြန်လာတာ၊ပြန်လာတဲ့ချိန်အဲ့ကလေးမလေးကို ထိသွားတာ ခြေထောက်ကလည်းပြတ်လုပြတ်နီးပဲ၊ဘယ်ဘက်နံဘေး ညာဘက်နံဘေးနဲ့လည်ပင်းသုံးချက်ထိသွားတာ” လို့အဆိုပါအမျိုးသမီးကဆိုပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၂၁ နှစ်အရွယ် မသင်္ကြန်ဦးဆိုသူဖြစ်ပြီး မနေ့ကတော့သူ့ရဲ့ရုပ်အလောင်းကို သင်္ဂြိုလ်ပေးလိုက်ပြီလို့သိရပါတယ်။ လက်ရှိမှာ အဆိုပါစစ်ကြောင်းကြောင့် မူးသာ၊အင်းစ၊ ထန်းတောဆိပ်၊ တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ ထန်းတောဆိပ်၊ သဲနုပုံ၊ သာဇင်၊ မူးမန္တလေးကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၀ ရက်ကအင်းစရွာကိုအဝင်မှာ ပြည်သူ့ကာကွယ်ရေး တပ်တွေထောင်ထားတဲ့ မိုင်းထိပြီး စစ်ကောင်စီ တပ်သား ငါး ဦး သေဆုံးခဲ့တာကြောင့် စစ်ကိုင်းနယ်စပ်က ကျေး ရွာတွေကို အခုလို စစ်ကြောင်းထိုးပြီး လက်နက် ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်တွေကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ထွက်ပြေးတိမ်းရှောင်နေတဲ့စစ်ကိုင်းမြို့နယ်ဒေသခံများ