မြင်းမူမှာ စစ်ကားမိုင်းမှန်၊၅ဦးသေဆုံး

၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း မိုင်းရှင်းလင်းဖို့လာတဲ့ အကြမ်းဖက်စစ်ကား၂စီးကို ဒေသခံကာကွယ်ရေး တပ် တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦးလောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ၂၃ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခံထားရတဲ့ မြင်းမူမြို့နယ်အတွင်းရှိမန္တလေး-မုံရွာ ကားမလမ်း ပေါ် မိုင်းရှင်းလင်းဖို့ရောက်လာတဲ့ စစ်ကားနှစ်စီးကို ဒီနေ့မနက်၈နာရီလောက်မှာ မြင်းမူPDFကဦးဆောင်ပြီး Black Eagle Defence Force နဲ့အတူထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးပြီး ၅ဦးသေ၊ ၃ဦးထက်မနည်းအပြင်းအ ထန်ဒဏ်ရာရခဲ့တယ်လို့ မြင်းမူPDF ကထုတ်ပြန်ပါတယ်။

နိုဝင်ဘာ၂၃ရက်နေ့ည၁၀နာရီခန့်က အရပ်သားကားနဲ့ စစ်ကိုင်းဘက်ကနေဆင်းလာတဲ့ အကြမ်းဖက်စစ်သားတွေ ကို ပဒေသာမိုင်း၃လုံးနဲ့တိုက်ခိုက်ခဲ့ရာ ကားထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ ဒေသခံPDF တွေ ကျဆုံးထိခိုက်လုံးဝမရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

မန္တလေး-မုံရွာလမ်းမပေါ်ရောက်ရှိနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ရောက်တဲ့နေရာမှာရပ်နေဖို့ မြင်းမူ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ တားမြစ်ခဲ့ပြီး အခုပြန်လည်သွားခွင့်ပြုပြီလို့ မြင်းမူ သတင်း မှန်ပြန်ကြားရေးက ဆိုပါတယ်။