ဝန်းသိုမှာ ပကဖ စခန်းတခု စီးနင်းခံရပြီး တပ်ဖွဲ့ဝင်သုံးဦးကျဆုံး

သြဂုတ် ၊ ၁၉

စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့နယ်အတွင်း ကျေးရွာတခုမှာရှိတဲ့  ပ.က.ဖ စခန်းတခုကို မနေ့က မနက်ပိုင်းမှာ စစ်ကောင် စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ Kawlin Info က တာဝန်ရှိသူ တဦးက DNA ကိုအတည်ပြုပြောပါတယ်။

“မိုင်းစခန်းကို အလစ်အငိုက် ဝင်စီးခံလိုက်ရတဲ့ သဘောပေါ့၊ကင်းပေါ့ သွားတဲ့ အချိန်မှာ ခံလိုက်ရတယ်လို့ ယူဆရ ပါတယ်၊အခုဖြစ်တဲ့ နေရာက ကောလင်းနဲ့လည်း သိပ်မဝေးဘူး၊အဲ့ဘက်ကို ဆက်သွယ်နေတာ ဆက်သွယ်မရဖြစ် နေတယ် ” လို့ သူကပြောပါတယ်။

ဝန်းသိုမြို့ ကျွဲခြံကူးရွာနဲ့ ကောလင်းမြို့ တံဇူးရွာကြားက ဝန်းသို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့စခန်းကို စစ် ကောင်စီတပ်တွေက မနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာလို့ သူကဆိုပါတယ်။

ကောလင်းနဲ့ ဝန်းသိုနယ်စပ်မှာရှိတဲ့ အဲဒီစခန်းကို စစ်ကောင်စီတပ်က စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးသွားသလို တပ်ဖွဲ့ဝင်နှစ်ဦး နှိပ်စက်သတ်ဖြတ်ခံရပြီး တဦးကတော့ အသက်ရှင်လျက် မီးရှို့ခံခဲ့ရတာလို့ kawlin Revolution – KR ကလည်းဖော်ပြထားပါတယ်။

အဲ့ဒီစခန်းကိုမီးရှို့ပြီး ပြန်လည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေကို ကျန်ရှိနေတဲ့ ဒေသတော်လှန်ရေး အင်အား စုတွေက လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ လူနာထမ်းစင်တွေနဲ့ ခေါ်ထုတ်သွား ရတယ် လို့ kawlaw Revolution – KR ကဆိုထားပါတယ်။

ပကဖ စခန်းစီးနင်းခံရမှုနဲ့ နှစ်ဖက် တိုက်ခိုက်မှုတွေအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို သိရှိနိုင်ဖို့ ဒေသအ ခြေစိုက်  ကာကွယ်ရေးအဖွဲ့တွေကို DNA ကဆက်သွယ်ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရ သေးပါဘူး။

စစ်ကောင်စီသတင်းတွေဖော်ပြပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျွဲခြံကူးရွာ PDF စခန်း စီးနင်းမှု အတွင်း PDF သုံးဦးသေဆုံးပြီး လက်လုပ်တတောင့်ထိုးသေနတ် ခုနစ်လက်၊လက်လုပ်ဗုံး၊လက်လုပ်မိုင်းတွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တချို့ သိမ်းဆည်းရရှိတယ်လို့ဖော်ပြထားပါတယ်။

အမှတ်(၁) စစ်ဒေသ ဖြစ်တဲ့ စစ်ကိုင်း၊မကွေး၊ မန္တလေး၊ ရှမ်းပြည်မြောက်ပိုင်း တို့မှာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း တိုက် ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀၀ ဦးသေဆုံး၊ ၅၇၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို တော်လှန် ရေးအဖွဲ့တွေဘက်ကလည်း ၂၆ ဦးကျဆုံး၊ ၅၉ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ထားပါတယ်။